Chapter 10

387 63 8
                                    

Zawgyi

သစ်လုပ်ငန်းနေရာကိုရောက်တာနဲ့ သစ်လုပ်ငန်းတာဝန်ခံ မန်နေဂျာဖန်းက သူတို့ကို စောင့်ကြိုလို့နေသည်။

"ကျွန်တော်ကိုယ်တိုင် လိုက်ခဲ့မလို့ပဲ ၊ မန်နေးဂျင်းက မလာခဲ့နဲ့ပြောလို့ ဒီကပဲ စောင့်နေရတာ…"

ယွင်ရှီးက ခေါင်းညိတ်လိုက်ရင်း…

"ရတယ် မန်နေဂျာဖန်း ၊ ချုန်ချင်းက ကားတွေရောက်လာတဲ့အထိ ငါတို့ ဒီမှာ ခဏနေရဦးမယ်… တာဝန်ခံကျိုး နောက်တစ်ရက် နှစ်ရက်လောက်ကျရင် ချုန်ချင်းဘက်က ကုန်ကားတွေရောက်လာလိမ့်မယ် ၊ မင်းက ပစ္စည်းတွေယူပြီး အဲဒီကားတွေနဲ့ လိုက်သွားလိုက် ၊ ပြီးရင် ဒု-ဥက္ကဌရဲ့ အစီအစဉ်အတိုင်း ဆက်လုပ်လို့ရပြီ…"

"ဟုတ်ကဲ့ပါ မန်နေးဂျင်း…"

မန်နေဂျာဖန်းက…

"ဒီမှာ နေရာထိုင်ခင်းတော့ သိပ်မကောင်းဘူး ၊ အားတော့နာပေမယ့် အနောက်ဘက်က ၀န်ထမ်းတွေနေတဲ့ အဆောင်မှာပဲ မန်နေးဂျင်းတို့ တည်းဖို့ ပြင်ထားပေးပါတယ်…"

ယွင်ရှီးက …

"ရတယ်… ကိစ္စမရှိဘူး…"

ဝန်ထမ်းအဆောင်တွေရှိရာ ကိုယ့်အခန်းဆီကိုယ် ဝင်ခဲ့ကြပေမယ့် ဖေးယွီ ယွင်ရှီးကို စကားမပြောမိ...။

အခန်းထဲရောက်တော့လည်း.... ဖေးယွီ အိပ်လို့လည်း မပျော်ခဲ့ပါ။ အိပ်ယာထက်မှာ ဟိုလှိမ့်ဒီလှိမ့်လုပ်ရင်း အတွေးလွန်နေမိသည်။

ကိုကိုငိုနေခဲ့တာကို သူ ဘာလို့ မချော့ခဲ့မိပါလိမ့်…။ ဒီအလုပ်တွေလုပ်နေလို့ ကိုကို့ကို သူ ဒေါသထွက်နေမိတာလား။

ကိုကို ဒီလိုအလုပ်တွေ လုပ်နေတာ မျက်စိနဲ့မြင်ရတာတော့ သူ့အတွက် အဆင်မပြေတာ အမှန်ပင်။

ပြီးတော့… မမကို သတ်ခဲ့တဲ့သူက ကိုကို မဟုတ်နိုင်ဘူးလို့ သူတွေးထားပေမယ့် ဟုတ်နေခဲ့မယ်ဆိုရင် သူတကယ်ပဲလက်ခံနိုင်မှာလားဆိုတဲ့အတွေးက သူ့ခေါင်းထဲ ဝင်ရောက်လို့လာသည်။

ဖေးယွီ ခေါင်းတွေကို ခါယမ်းလိုက်သည်။

တကယ်ဆို ကိုကို့ဘ၀တစ်ခုလုံးကို နားလည်ပေးပြီး ချစ်သွားမယ်လို့ ဆုံးဖြတ်ထားခဲ့ပြီးသားပဲ…။ ကိုကို ဆိုးသည်ဖြစ်စေ ၊ ကောင်းသည်ဖြစ်စေ သူ့ဘက်က လက်ခံပေးရမှာ...။

I'll Keep You Safe (FYX Fanfic) (Completed)Where stories live. Discover now