Epilogue

405 45 6
                                    

Zawgyi

ဖလော်ရီဒါ အလယ်ပိုင်း ၊ အော်လန်ဒို …

Disney Park ကို ခြေချလိုက်မိသည်နှင့် ဖေးယွီ ပျော်ရွှင်လာမိသည်။

လွန်ခဲ့သည့် နှစ်ပေါင်းများစွာက ဒီနေရာလေးမှာပဲ သူ့တစ်ဘ၀လုံး ချစ်ခင်မြတ်နိုးသွားရမည့် ကိုကိုနဲ့ ဆုံတွေ့ခွင့်ရခဲ့ပြီး ကိုကို့ကို ပိုင်ဆိုင်ခွင့်ရခဲ့သည်ကတော့ အိပ်မက်ဆန်လွန်းလှသည်။

"ယွီအာ… ကိုကိုတို့ကို ဓာတ်ပုံတစ်ပုံလောက် ရိုက်ပေး…"

ကြည်လင်တဲ့မျက်ဝန်းလေးတွေနဲ့အလှပဆုံးပြုံးကာ သူ့ကို စကားဆိုလာလေသည့်… ကိုကို….

ဆယ့်ငါးနှစ်ဆိုတဲ့အချိန်အတွင်းမှာ ကိုကိုဟာ မပြောင်းမလဲ အရင်ကအတိုင်း ချောမောနေဆဲပဲ…။

ကိုကိုဟာ…. အမြဲတမ်း သူ့ဘ၀ရဲ့ တိမ်ဖြူလေး…။

အဲဒီ တိမ်ဖြူလေးရဲ့အပြုံးတွေကို တွေ့မြင်လိုက်ရရင်ပဲ ဒီကမ္ဘာပေါ်မှာ အဲဒီအပြုံးတွေထက် လှပသည့် အပြုံးတွေ ရှိမှာမဟုတ်ဘူးလို့ ဖေးယွီလက်ခံမိစမြဲပင်…။

ဘယ်လောက်ကြည့်ရကြည့်ရ ကြည့်မ၀သည့် ကိုကို့မျက်နှာလေးကို ဖေးယွီ ငေးကြည့်နေမိဆဲ…

"ဦးဦး… ပါပါးကိုကြည့်နေတာ မျက်လုံးလည်း ကျွတ်ထွက်လာဦးမယ် ၊ ဒီနေ့ သမီးတို့ကို ဓာတ်ပုံရော ရိုက်ပေးဦးမှာလား…"

သူ့ကို နှုတ်ခမ်းစူကာပြောလာသည့် ရှောင်မေ…။

အခုဆိုရင်…

ရှောင်မေလေးဟာ အသက်နှစ်ဆယ်အရွယ် ချောမောလွန်းသည့် မိန်းကလေးတစ်ယောက် ဖြစ်လာခဲ့ပြီ။

သူမလေးက အခုဆိုရင်… စတန်းဖို့ဒ်မှာ ဥပဒေပညာနဲ့ ဘွဲ့ရခဲ့ပြီ။

ပြီးတော့ ရှောင်မေဟာ အရင်ကလို ဘီးတပ်ကုလားထိုင်ထက်မှာ ထိုင်နေရသူတစ်ယောက် မဟုတ်ခဲ့တော့။ အီတလီက ခွဲစိတ်အထူးကု သမားတော်ဆရာဝန်ကြီးများနဲ့ ကုသပြီးသည့်နောက် သူမသည်လည်း အခြားကလေးများနည်းတူ လမ်းလျှောက်နိုင်ခွင့် ပြန်လည်ရရှိခဲ့ပြီ။

"Sorry… ဦးဦး အတွေးလွန်သွားလို့…"

ဖေးယွီပြောပြီးသည်နှင့် ကင်မရာလေးကို ချိန်လိုက်ပြီး…

I'll Keep You Safe (FYX Fanfic) (Completed)Место, где живут истории. Откройте их для себя