Chapter 20

381 49 0
                                    

Zawgyi

အဖြစ်အပျက်များစွာ ဖြစ်ပျက်သွားပြီးသည့်နောက် ယွင်ရှီးသတိမေ့နေခဲ့သည်မှာ အချိန်တစ်လခန့် ကြာခဲ့သည်။

အစကတည်းက TBI ရှိသူမို့ ခေါင်းကိုထပ်မံထိခိုက်မိသည့်အခါ နဂိုဒဏ်ရာအရှိန်ဖြင့် ယွင်ရှီးသတိမေ့သွားသည့်အချိန် ကြာမြင့်သွားခဲ့ခြင်းဟု ဒေါက်တာလင်းဖန်ကပြောလေသည်။

ဖေးယွီ ယွင်ရှီးလက်များကို ဆုပ်ကိုင်ထားရင်း ယွင်ရှီးမျက်နှာလေးကို မျက်တောင်မခတ်ငေးစိုက်ကြည့်နေမိသည်။

"ကိုကို ပင်ပန်းခဲ့တာမို့လို့ ခဏအနားယူပါနော် ၊ ဒါပေမဲ့ … ပြီးရင်တော့ အရင်လို ကျွန်တော့်ရင်ခွင်ထဲ ပြန်လာရမယ်နော်…"

ထိုစကားများကို ဖေးယွီစိတ်ထဲမှ ပြောလိုက်မိခြင်းရယ်ပါ…။

ထိုအချိန်မှာပဲ… လော်မင်ယွိနှင့် ပိုင်လျန် ဖေးယွီ အနားရောက်လာကြသည်။

ပိုင်လျန်က…

"ယွီအာ… နားပါဦးလား သားရယ် ၊ မအိပ်မစားနဲ့ Leo နားမှစောင့်နေတာ ၊ တော်ကြာ သား ကျန်းမာရေးထိခိုက်ဦးမယ် ၊ မားတို့လည်း ရှိတာပဲကို…"

ဖေးယွီက ခေါင်းခါယမ်းပြလိုက်သည်။

"ဟင့်အင်း … မား… ၊ တော်ကြာ ကိုကို သတိပြန်ရလာလို့ ကျွန်တော့်ကို မတွေ့ရင် စိတ်မကောင်းဖြစ်သွားလိမ့်မယ်…"

လော်သခင်မကြီးက နှစ်ခြိုက်စွာ အိပ်မောကျနေဟန်ရှိသည့် ယွင်ရှီး၏ မျက်နှာလေးကို ကြည့်လိုက်ပြီး နဖူးထက်မှ ဆံစလေးများကို အသာသပ်ပေးလိုက်ရင်း…

"မားရဲ့သားလေး အသက်ရှင်နေသေးတယ်ဆိုတာ အစကတည်းက သိခဲ့ပါတယ် ၊ ဒါပေမဲ့ ရန်သူရဲ့အိမ်မှာ ကြီးပြင်းခဲ့ရပြီး ဘယ်လောက်တောင် ဒုက္ခရောက်လိုက်ရှာမလဲ…"

လော်မင်ယွိက သက်ပြင်းတစ်ချက်ချလိုက်လေသည်။

"ယွီအာ… Leo ကို ချစ်ပေးလို့ ကျေးဇူးတင်ပါတယ်…"

ဖေးယွီက အပြုံးယဲ့ယဲ့ဖြင့် ဖခင်ဖြစ်သူကို လှမ်းကြည့်လိုက်သည်။

"ပါး… စိတ်ချပါ ၊ နောက်ဆို ကိုကို့ဘ၀မှာ ဘယ်တော့မှ စိတ်မဆင်းရဲစေရပါဘူး…"

I'll Keep You Safe (FYX Fanfic) (Completed)Hikayelerin yaşadığı yer. Şimdi keşfedin