Chapter 9

388 62 10
                                    

Zawgyi

"မန်နေးဂျင်းယန်... ငါ့အခန်းထဲ ခဏလောက်ကြွခဲ့ပါဦး..."

လေသံမာမာနဲ့ကိုယ်တိုင်ဖုန်းဆက်ခေါ်တဲ့ ကျန်းဝေလေသံကြောင့် ယွင်ရှီး အမောတကောနဲ့ ကျန်းဝေအခန်းပြေးရပြန်သည်။

"ယန်ကျန်းဝေ... ဘာဖြစ်လို့လဲ..."

"ငါ့ကို ဗဟိုရဲဌာနက ဖုန်းဆက်တယ်.... ဟိုလက်နက်ရောင်းတဲ့စာချုပ်ကိစ္စ ပေါက်ကြားသွားလို့... အခု အဲဒီသောက်ရဲတွေနဲ့ ပြသနာရှင်းရတော့မယ်..."

"အဲဒါ ငါက ဘာလုပ်ပေးရမှာလဲ..."

ကျန်းဝေ နေရာက ထလာပြီး ယွင်ရှီးရဲ့ အင်္ကျီကော်လာစကိုစောင့်ဆွဲလိုက်သည်။

"မင်း အရူးကွက်မနင်းနဲ့ ဟေ့ကောင်.... ၊ အဲဒီ စာချုပ်တွေကိစ္စက မင်းရယ် ငါရယ် ပါးရယ်ပဲ သိတာလေ...."

သူ့အင်္ကျီကိုစောင့်ဆွဲထားတဲ့ ကျန်းဝေရဲ့လက်တွေကို ယွင်ရှီးဆွဲဖယ်ပစ်လိုက်သည်။

"မင်းပြောချင်တာက ငါက ရဲတိုင်တယ်လို့ပြောချင်တာလား...."

"မင်းပဲရှိတာလေ... မင်းကိုလက်မှတ်ထိုးခိုင်းလို့ မကျေနပ်လို့လုပ်တာနေမှာပေါ့..."

"ခွပ်...."

ယွင်ရှီးလက်သီးချက်က ကျန်းဝေမျက်နှာတည့်တည့်ဆီကျရောက်သွားသည်။

"မင်း ပြသနာတွေတောင် တစ်ခုပြီးတစ်ခုလိုက်ရှင်းနေရတာ... မင်း ဒုက္ခရောက်အောင် ငါ လုပ်ဖူးလို့လား... မင်း ဦးနှောက်နည်းနည်းပါးပါးသုံးပြီး စကားပြော......"

"ခွပ်...."

ကျန်းဝေက ယွင်ရှီးကို ပြန်ထိုးလိုက်တာကြောင့် ယွင်ရှီးကိုယ်လေး လွင့်ထွက်သွားရသည်။

ကျန်းဝေက ယွင်ရှီးထက်လူကောင်ကြီးတာကြောင့် တကယ်တမ်းကျန်းဝေနဲ့ရန်ဖြစ်တိုင်းလည်း ယွင်ရှီးပဲခံရသည်ပင်....။

ယွင်ရှီးလဲကျသွားတဲ့နေရာကို ကျန်းဝေ လျှောက်လာပြီး ယွင်ရှီးရဲ့ရင်ပတ်အင်္ကျီစကို စောင့်စွဲလိုက်သည်။

"ငါ... မင်းကို မယုံဘူး... အခု ပါး ခရီးထွက်နေတုန်း မင်းငါ့ကို လုပ်ကြံတာ ဖြစ်နိုင်တာပဲ..."

I'll Keep You Safe (FYX Fanfic) (Completed)Место, где живут истории. Откройте их для себя