Chapter 14

399 61 6
                                    

Zawgyi

အတိတ်....

Leo Group ရဲ့ Director တစ်ယောက်ဖြစ်တဲ့ ချန်လီ....

ချန်လီက စီးပွားရေးလုပ်ရာမှာတော်သည်။ လာဘ်မြင်သည်။

ပြီးတော့ Leo Group ရဲ့ ဥက္ကဌလော်မင်ယွိရဲ့ အခင်ဆုံးသူငယ်ချင်း... ကျောင်းနေဖက်တွေဖြစ်သည်။

အမှန်တော့... Leo Group အောင်မြင်လာရသည်ကလည်း ချန်လီရဲ့ ကြိုးစားအားထုတ်မှုများကြောင့်ပင်။ နေ့မနား ညမနား စီးပွားရေးတွင် စိတ်ရောကိုယ်ရောနှစ်ကာ ကြိုးစားနိုင်သူတစ်ယောက်ဖြစ်လေသည်။

ပြီးတော့... ချန်လီနှင့် ဇနီးဖြစ်သူ ရူချင်းကွာရှင်းခဲ့ရသည့်အကြောင်းရင်းကလည်း ထိုအကြောင်းကြောင့်ပင်ဖြစ်သည်။ စီးပွားရေးကို အာရုံစိုက်လွန်းပြီး မိသားစုအရေးကိစ္စများတွင် ပျက်ကွက်ခဲ့သူ ချန်လီကို ရူချင်းက သည်းခံနိုင်စွမ်းမရှိ ဖြစ်ခဲ့ရသည်။

နောက်ဆုံး ဘာမဟုတ်သည့်ကိစ္စလေးဖြင့် အစရှိအနောင်နောင်ပြဿနာတက်ကာ မိသားစု ပြိုကွဲခဲ့ရခြင်း ဖြစ်လေသည်။

ခေါင်းမာသောချန်လီက သူ့ဘက်က မမှားဘူးဟုယူဆကာ ရူချင်းကို တစ်ချက်လေးပင် တောင်းပန်ခဲ့ခြင်း မရှိပေ။

နောက်ဆုံး သားကြီးဖြစ်သူ ချန်ကျိုးယွမ်ကို ရူချင်းက ခေါ်သွားခဲ့ပြီး သားငယ်ဖြစ်သူ ဖေးယွီကတော့ ဖခင်ဖြစ်သူ ချန်လီနှင့် ကျန်ရစ်ခဲ့ရလေသည်။

ထိုအချိန်တုန်းက ချန်ဖေးယွီက လူမှန်းပင်မသိတတ်သေးသည့် အသက်တစ်နှစ်သာသာလေးပင် ရှိသေးသည်။

"အကြီးကောင်ကိုမင်းခေါ်သွား... သားငယ်ကို ငါနဲ့ထားခဲ့..."

လို့ ဇနီးဖြစ်သူအပေါ် မာနကြီးစွာဆိုခဲ့လေသူ ချန်လီဟာ အဆုံးသတ်မှာ ကလေးငယ်တစ်ယောက်ကို မထိန်းတတ် မကျောင်းတတ်ဖြင့် ဒုက္ခရောက်ရတော့သည်။

အဲဒါကြောင့်ပဲ လော်မင်ယွိရဲ့ဇနီးဖြစ်သူ ပိုင်လျန်က ငယ်ရွယ်လွန်းသည့် ဖေးယွီလေးကို ထိန်းကျောင်းခဲ့ရလေသည်။

ချန်လီက မနက်ပိုင်းအလုပ်သွားသည်နှင့် ဖေးယွီလေးကို လော်အိမ်တော်မှာ ၀င်ပြီးထားခဲ့လေသည်။

I'll Keep You Safe (FYX Fanfic) (Completed)Dove le storie prendono vita. Scoprilo ora