Chapter 6

453 64 25
                                    

Zawgyi

"ကိုကို ဆက်အိပ်ဦးလေ… ကျွန်တော် မနက်စာ သွားပြင်လိုက်ဦးမယ်…"

"မစားတော့ဘူး… အိမ်မှာ ရှောင်မေတစ်ယောက်တည်းရယ် ၊ သူ ကြောက်နေလိမ့်မယ်… ပြီးတော့ ရုံးမှာ အလုပ်တွေလည်း ရှိသေးတယ်…"

"ဒီနေ့ စနေနေ့လေ ကိုကို ၊ အလုပ်ပိတ်တယ် မဟုတ်ဘူးလား…"

"၀န်ထမ်းတွေပဲ အလုပ်ပိတ်တာလေ ၊ The Sun က အလုပ်တွေက ပိတ်ရက်မှ မရှိတာ… ကိုယ်ကကျ နားရက်ရယ်လို့ ရှိတာ မဟုတ်ဘူး… ကြုံရင် ကြုံသလိုပဲ…"

ပြောရင်း ယွင်ရှီးက အိပ်ယာထက်က ထလိုက်သည်။

ရုတ်တရက်…

သူ့ခေါင်းထဲက တဆစ်ဆစ်နာကျင်လာသည့် ဝေဒနာ…။

"အ…"

ခေါင်းကိုလက်နဲ့ဖိရင်း ယွင်ရှီး လဲကျတော့မလို ဖြစ်သွားတာကြောင့် ဖေးယွီက ကမန်းကတန်းပဲ ပွေ့ထားလိုက်ရသည်။

သူက စိတ်ပူစွာနဲ့ ယွင်ရှီးကို အိပ်ယာထက်အသာပြန်လှဲစေလိုက်ရင်း….

"ကိုကို ဘာဖြစ်လို့လဲ…"

"ခေါင်းနည်းနည်းကိုက်လို့… "

ဒါပေမဲ့ ယွင်ရှီး မျက်နှာက သွေးမရှိသလိုဖြူလျော်နေတာကြောင့် ဖေးယွီ ပိုပြီး စိတ်ပူလာရသည်။

"ကိုကို… ဆေးရုံသွားမှ ဖြစ်မယ်ထင်တယ်…"

ပြောရင်း ဖေးယွီက ယွင်ရှီးကို ပွေ့ချီဖို့ ပြင်လိုက်တာကြောင့် ယွင်ရှီးက တားလိုက်ရင်း…

"ဆေးရုံမသွားနဲ့ ၊ ဒီအတိုင်းပဲ ကိုယ်က ဖြစ်နေကျပါ ၊ ခဏနားလိုက်ရင် ကောင်းသွားမှာ...."

"ကိုကို့ကြည့်ရတာ မဟုတ်သေးပါဘူး... ဆေးရုံမသွားချင်လည်း ဆရာဝန်ခေါ်လိုက်မယ်လေ...."

"ကိုယ့်သူငယ်ချင်း ဆရာဝန်ရှိတယ် ၊ သူ့ကို ခေါ်လိုက်ရင် ရပြီ…"

တကယ်ဆို ဆရာဝန်မခေါ်လည်း ရသည့်အနေအထားပါ။ ဒါပေမဲ့ ဖေးယွီ အရမ်းစိတ်ပူနေတာကြောင့် စိတ်သက်သာရာရအောင် လင်းဖန်ကို ခေါ်လိုက်ရခြင်းပင်…။

ခဏနေတော့ လင်းဖန်တစ်ယောက် ယွင်ရှီးရှိရာကို အမောတကောနှင့် ရောက်လာတော့သည်။

I'll Keep You Safe (FYX Fanfic) (Completed)Donde viven las historias. Descúbrelo ahora