(Arc-1)Chapter-3

20.6K 3.5K 158
                                    

[Unicode]

အခန်း၃- ဈာပန

ဘုန်းတော်ကြီးကျန်းနှင့်တွေ့ဆုံပြီးနောက် ချီယန်
သူ့ခေါင်းထဲမှပင့်ကူမျှင်များ ရှင်းလင်းသွားသလို ခံစားလိုက်ရသည်၊ နောက်ပြီး
မျက်စိရှေ့တွင်ပန်းတိုင်တစ်ခုရှိနေလေပြီ။
ယဲ့ယင်းကျီရဲ့အရိုးပြာကိုရဖို့က ခက်ခဲမယ်
ဆိုပေမယ့်ပေါ့လေ......

သူအိမ်ပြန်ရောက်တော့ နေ့လည် ၁ နာရီရှိနေပြီ။
မိုးအုံ့တဲ့နေ့ဖြစ်တာကြောင့် အိမ်ကမှောင်မဲပြီး
စိတ်ပျက်စရာကောင်းအောင်ထိုင်းမှိုင်းနေသည်။
မနေ့ညတုန်းကအိပ်မက်ဆိုးကြောင့်
ကောင်းကောင်းမအိပ်ခဲ့ရသည်မို့ ခေါင်းမူး
နေသည်။ ချီယန်လည်း အဝတ်အစားမြန်မြန်
လဲပြီးနောက် အိပ်ယာထဲလှဲချလိုက်တော့သည်။

အိပ်ချင်မူးတူးဖြစ်နေတုန်း တစ်စုံတစ်ယောက်က
လမ်းလျှောက်နေသလိုမျိုး တံခါးကို
ဖိနပ်နဲ့ထိခတ်နေသည့်အသံများ ကြားနေရသည်။
သူမျက်လုံးဖွင့်ကြည့်ချင်သော်လည်း
မည်သည့်အရာကိုမှမမြင်ရပေ။ မီးသီး
ဖွင့်ရန်ကြိုးစားသည့်အခါ သူ့ခန္ဓာကိုယ်က
အိပ်နေရင်းအကြောဆိုင်းသလို လှုပ်မရတာကို
တွေ့လိုက်ရသည်။ သို့သော်ငြားလည်း
သူသိသည်၊ အချို့အရာများတွင်
သိပ္ပံနည်းကျဖော်ပြချက်များရှိသော်လည်း
သူ့အတွက်တော့မသက်ရောက်ချေ။
သူ့ခန္ဓာကိုယ်တစ်ခုလုံးရဲ့စွမ်းအားကို
ရင်ဘတ်ပေါ် ကကျောက်စိမ်းဆွဲသီးလေးဆီ
တွန်းပို့ကြည့်ပေမယ့် အသက်ရှူရကြပ်လာတာကို
ခံစားမိနေ၏။ ရုတ်တရက် အသံကရပ်တန့်သွား
ပြီး သူ့ခန္ဓာကိုယ်သည်လည်းပြန်လည်
ခံစားလို့ရသွားသည်။

သူ့ဖုန်းမြည်နေတာသိလိုက်ရပြီး ချက်ချင်း
ကောက်ကိုင်လိုက်တယ်။ ခေါ် ဆိုသူက
'ဦးလေး' ဟုရေးထားသည်။

"ဟယ်လို ဦးလေး ဘာဖြစ်လို့လဲ"

အာခေါင်ခြောက်နေ၍ ချီယန်လည်း
ထလိုက်ပြီး မီးဖိုခန်းသို့သွားကာ
ရေတစ်ခွက်ငှဲ့လိုက်သည်။ ပုံမှန်နှုတ်ဆက်နေကျ
အတိုင်းနှုတ်ဆက်ပြီးတဲ့နောက် သူ့ဦးလေး
တုမင်ကျင့်က ကွေ့ဝိုက်မနေဘဲပြောလာသည်၊
"ရှောင်ချီ... အားရက်ကျရင်လာခဲ့လို့
ရမလား? တတိယသခင်လေးယဲ့ရဲ့ဈာပနလေ၊
ဦးလေးကနိုင်ငံခြားရောက်နေလို့ မင်းကို
မင်းရဲ့အဒေါ် နဲ့သွားခိုင်းမလို့။ လူတွေနဲ့သိဖို့
အတွက် အခွင့်ကောင်းတစ်ခုဆိုလည်း
ဟုတ်တယ်။ မင်းရဲ့အဆက်အသွယ်တွေကို
ချဲ့နိုင်ရင် ကောင်းကျိုးတွေပဲရဖို့ရှိတယ်"

ထာဝရချစ်သူ//ထာဝရခ်စ္သူ [မြန်မာဘာသာပြန်] (Completed) Where stories live. Discover now