(Arc-1)Chapter-21

14.8K 2.9K 158
                                    

//Unicode//

အပိုင်း(၂၁) ဟန်ဆောင်ခြင်း

နမ်းရှိုက်နေတုန်း ယဲ့ယင်းကျီကရုတ်တရက်ဆိုသလို
သူ့ကိုပွေ့ချီလိုက်ကာအိပ်ခန်းဆီခေါ်သွား၏။

ချီယန် ကုတင်ပေါ်အပစ်ချခံလိုက်ရသည်။
သူ အတင်းပြုံးပြလိုက်ပြီး တရွေ့ရွေ့နီးကပ်လာတဲ့
'ယောက်ျား' ကို တွန်းဖယ်ဖို့လက်တစ်ဖက်မြှောက်
လိုက်သည်။

".........ယင်းကျီ ကျွန်တော်ဗိုက်ဆာတယ်။
အရင်စားရအောင်လေ"

သူ ယဲ့ယင်းကျီကိုကြည့်နေဖို့အားတင်းထားရကာ
မျက်တောင်ရှည်တွေက ကြောက်ရွံ့ထိတ်လန့်နေတဲ့
လိပ်ပြာတစ်ကောင်ရဲ့အတောင်ပံများသဖွယ်
တုန်ယင်နေလေသည်။

ယဲ့ယင်းကျီဟာမကျေနပ်ပေမယ့် သူ့ကိုလွှတ်ပေး
လိုက်ရုံကလွဲ၍မတတ်နိုင်ရှာ။ ချီယန့်ကို
တစ်ခါပြန်ချီဖို့လက်ဆန့်လိုက်တဲ့အခါ သူက
လက်သီးဆုပ်ထားတာကိုသတိထားမိသွား၏။

"အားယန် ဘာကိုင်ထားတာလဲ"

ချီယန် လက်သီးဆုပ်ကိုဖွင့်ပြလိုက်သည်။

"အဘွားရဲ့ကျောက်စိမ်းဆွဲသီးလေးပါ။
ခင်ဗျားကိုပေးချင်လို့"

ယဲ့ယင်းကျီကပြုံး၏။

"အင်း ကိုယ့်ကိုဝတ်ပေးလေ" သူကချီယန့်ဘေးမှာ
ထိုင်လိုက်သည်။

ချီယန်လည်းခေါင်းညိတ်လိုက်ပြီး ယဲ့ယင်းကျီရဲ့
လည်မှာဆွဲပေးလိုက်သည်။ သို့သော်သူ
ထင်ထားသည့်အတိုင်းပင် ကျောက်စိမ်းဆွဲသီးလေးက
တတိယသခင်လေးယဲ့အပေါ်မှာသက်ရောက်မှု
မရှိပေ။ ယဲ့ယင်းကျီက ဘေးကအံဆွဲထဲမှာ
ကျောက်စိမ်းဆွဲသီးလေးရှိတဲ့ကုတင်မှာ ညတိုင်း
သူနဲ့အတူအိပ်တာဖြစ်သည်။ ဆွဲသီးလေးတွင်
စွမ်းအားရှိပါက အရင်ကတည်းကသက်ရောက်မှု
ရှိခဲ့ပေလိမ့်မည်။

ယဲ့ယင်းကျီက ဆွဲသီးလေးကိုတို့ထိလိုက်ပြီးနောက်
ချီယန့်ကိုကြည့်သည်။

"ဒီတိုင်းသိမ်းထားတာပဲကောင်းမယ်ထင်တယ်။
ကိုယ့်ကြောင့်ပျက်စီးသွားရင် မင်းစိတ်မကောင်း
ဖြစ်ရလိမ့်မယ်။ ဒါက အဘွားထားရစ်ခဲ့တဲ့
အဖိုးတန်တဲ့ဟာပဲလေ"

ထာဝရချစ်သူ//ထာဝရခ်စ္သူ [မြန်မာဘာသာပြန်] (Completed) Donde viven las historias. Descúbrelo ahora