(Arc-4)Chapter-97

9.7K 1.7K 34
                                    

//Unicode//

(Arc-4) အပိုင်း၉၇- သဲလွန်စများ

"ရှစ်နာရီတောင် ထိုးတော့မယ်။ ဘာလို့
ဒီအချိန်ကြီးမှ အလောတကြီးရောက်လာတာလဲ။
တောက်ကျွမ်းကျွမ်းကရော?"

ချီယန်က စုန့်ကျင်းယူလာတဲ့ ဓာတ်ပုံတွေနဲ့
အမှုဖိုင်ကို ကြည့်ရင်း မေးလိုက်သည်။

"ကျွမ်းကျွမ်းက ဒီနေ့ညဆိုင်းရှိတယ်။ သူမကို
ပို့ပြီး ဒီကိုတန်းလာခဲ့တာ။ ခဏနေ အိမ်ပြန်ရင်
တစ်ရေးအိပ်ပြီး မနက်ဖြန်မနက် သူမကို
ပြန်သွားကြို၊ အိမ်ပြန်ပို့ပြီးရင် အလုပ်ပြန်သွားရမှာ"

စုန့်ကျင်းကပြောသည်။

"ဒီအမှုရဲ့အစီရင်ခံစာ မြို့ကိုရောက်လာတာ
မကြာသေးဘူး။ သဲလွန်စများ ရအောင်ရှာနိုင်မလား
ဆိုပြီး ငါ့အထက်လူကြီးက ဒီအမှုပေးလိုက်တာ။
ငါ အကြာကြီးပဲ လေ့လာကြည့်ပေမဲ့ ဘာမှ
ရှာမတွေ့ဘူး။ မသင်္ကာစရာကောင်းတယ်ထင်လို့
မင်းဆီ လာပြတာ"

ချီယန်က စုတ်တစ်ချက်သပ်ပြီး လက်ထဲက
ဓာတ်ပုံကို ပြန်ချကာ သူ့သူငယ်ချင်းကို
ကြည့်လိုက်သည်။

"ငါက ဒီဘက်အပိုင်းမှာ ကျွမ်းကျင်တဲ့သူမှ
မဟုတ်တာ၊ ဘယ်လိုလုပ် နားလည်မှာလဲ"

"မင်း တောက်ဓမ္မတွေသိတယ်မဟုတ်ဘူးလား"

စုန့်ကျင်းက သူ့ကို "ငါ့ကောင်ရာ ကိုယ့်ကိုယ်ကိုယ်
မနှိမ့်ချပါနဲ့" ဟုပြောနေသည့်ပုံဖြင့် ပြုံးဖြီးဖြီး
လုပ်ပြလေသည်။ သူက ဓာတ်ပုံကို လက်ညိုးထိုး၍ 
ပြောလိုက်သည်။

"ဒီလိုမှော်မျိုးကို  TV ထဲမှာမြင်ဖူးတယ်။ သူတို့က
အဲ့ဒီလူရဲ့အသုံးအဆောင်ပစ္စည်းတစ်ခုခုကို
ကိုင်ပြီး သူ့ဓာတ်ပုံကို ကြည့်လိုက်တာနဲ့
ဒီလူဘယ်မှာလဲ ပြောနိုင်တယ်။ ငါတွေးနေတာ...
မင်းလည်း လုပ်တတ်လောက်မလားလို့"

စုန့်ကျင်း ရှက်ကိုးရှက်ကန်းနဲ့ သူ့ဆံပင်ကို
ဆွဲဆုပ်လိုက်ရင်း ဒီအတွေးက လက်ခံနိုင်ဖွယ်
မရှိဘူးလို့ ခံစားရသည်။ သူ့သူငယ်ချင်းမှာ
သရဲတစ္ဆေတွေနှင်နိုင်တဲ့ အစွမ်းရှိကောင်းရှိလောက်
ပေမဲ့ လောကကြီးမှာ အမှန်တကယ်မရှိလောက်တဲ့
မန္တန်တွေ၊ မှော်တွေကိုတော့ မသုံးနိုင်လောက်ပေ။

ထာဝရချစ်သူ//ထာဝရခ်စ္သူ [မြန်မာဘာသာပြန်] (Completed) Where stories live. Discover now