(Arc-5) Chapter-128

10.6K 1.5K 24
                                    

//Unicode//
(Arc-5) အပိုင်း ၁၂၈- သူနိုးထလာနေပြီ

ခပ်ဝေးဝေးအထိ မှောင်မည်းလျက် အဆုံးမရှိနေ။
သူ့ဘေးနားတွင် မထင်မရှားမှိန်ပျပျဝါကျင်ကျင်
မီးရောင်တစ်ခုသာ လင်းလျက်ရှိသည်။
သို့ဆိုလျှင်တောင် မီးရောင်သည် ချောက်ချားဖွယ်၊
စိတ်အားငယ်ဖွယ် ဘေးပတ်ဝန်းကျင်အား
ဖြေဖျောက်မစွမ်းနိုင်ဘဲ မြင်ကွင်း၏ထူးဆန်းမှုအား
ပိုလို့တောင်ထင်ရှားစေသည်__မီးရောင်အောက်
ဘယ်နှင့်ညာနံရံများပေါ်၌  မရေမတွက်နိုင်လောက်အောင်များပြားသည့်
တွန့်လိမ်ကောက်ကွေးနေသော အရိပ်မည်းများ
ပေါ်လာကြသည်။ အရှေ့မှအရိပ်သည် လူပုံသဏ္ဍာန်
ရေးရေးမျှရှိပြီး အနောက်မှတစ်ခုကတော့
ဝေဝါးဝါးအရိပ်မည်းတစ်ခုသာ ရှိသည်။
၎င်းတို့အားလုံးက မြေပြင်ပေါ်ရှိ သူ့အရိပ်နားဆီသို့
တိုးကပ်လာရင်း ရှေ့နောက်ညီညာစွာ
လှုပ်ရှားနေကြသည်။

ချီယန်သည် ငိုရှိုက်လျက်ကအိပ်မက်ကနိုးထဖို့
ရုန်းကန်လိုက်၏။ ရင်းနှီးပါသောမျက်နှာကျက်ကို
မြင်ပါမှ စိတ်သက်သာရသွားလေသည်။
ဘာကိုမှစဉ်းစားမနေတော့ဘဲ ဘေးမှာအိပ်နေသော
အမျိုးသား၏လက်မောင်းများကြားသို့
တိုးဝင်လိုက်သည်။

အမျိုးသားက မသိစိတ်၏စေ့ဆော်မှုအရ
လက်ဆန့်ပြီး သူ့ကိုဖက်လိုက်၏။

"အိပ်မက်ဆိုးမက်ပြန်ပြီလား"

အရင်ကတော့ သူ့ရင်ခွင်ထဲက ဤလူဟာ
ဖမ်းဆုပ်မိဖို့ခက်ခဲခဲ့သည်။ သူကြောက်နေချိန်မှာကျ
သူ့ရင်ခွင်ထဲခိုဝင်လာခဲ့ပြန်သည်။ မြစ်ကိုဖြတ်ပြီး
နောက်မှာ တံတားဖျက်သွားတဲ့ ကျေးဇူးကန်းတဲ့
ကောင်လေးပင်။

သူ့စိတ်ထဲမှာမကျေနပ်ချက်များပြည့်နေသည့်တိုင်
စိတ်လည်းဆင်းရဲရပြန်သည်။ သူက
တိုးတိုးဆိုလိုက်သည်။

"မကြောက်နဲ့တော့နော် ကိုယ်ရှိတယ်။
အဲ့တာ တကယ်မဟုတ်ဘူး"

ချီယန်က "um"ဟု အသာပြန်ဖြေ၍
သူ့ကို တင်းကျပ်စွာဖက်လိုက်ကာ
ပြန်မလွှတ်ပေးတော့ပေ။

သူ့အိပ်မက်က ရိုးရိုးအိပ်မက်မဟုတ်တဲ့
အကြောင်းကိုသူ့ချစ်သူအား သူပြောမပြဝံ့ပေ။
၎င်းကသူကိုယ်တိုင်ကြုံခဲ့ရသည့် ထိတ်လန့်စရာ မှတ်ဉာဏ်တစ်ခုဖြစ်သည်။

ထာဝရချစ်သူ//ထာဝရခ်စ္သူ [မြန်မာဘာသာပြန်] (Completed) Where stories live. Discover now