(Arc-5) Chapter-129

7.2K 1.5K 33
                                    

//Unicode//
(Arc-5) အပိုင်း ၁၂၉- အိပ်မက်ဆိုး

လီဖုန်းခိုင်၏စကားများကိုကြားရပြီး ထိုစဉ်က
ဖြစ်ရပ်အား ပြန်တွေးမိသောအခါ ချီယန်ရော
ဝမ်ရှန့်ရော ကြက်သေသေသွားကြသည်။
တခဏလောက်ကြာသည်အထိ သူတို့
ဘေးကျပ်နံကျပ်ဖြစ်နေလေသည်။

မသွားချင်သော်လည်း သူတို့လွတ်မြောက်လာသည့်
ရေကန်ဆီသို့ ပြန်သွားခဲ့ကြသည်။ သူတို့
ရှေ့ဆက်တိုးလာသည်နှင့်အမျှ အရှေ့မှာ
ဘာကစောင့်ကြိုနေလဲ မသိရသလို အပြင်ကိုရော
ထွက်နိုင်ပါ့မလားလည်းမသိရပေ။

ဝမ်ရှန့်မှာ လျို့ယွီအားဆုံးရှုံးလိုက်ရသည့်
ဝမ်းနည်းစိတ်နှင့်ကြောက်စိတ်တို့မှ မထွက်နိုင်သေး။
သူက တောင့်တင်းစွာရပ်နေရင်းမှ သူတို့လာခဲ့ရာ
လမ်းအား ဖုန်းမီးဖြင့်ထိုးကြည့်လိုက်သည်။
လေးလံသည့်ခန္ဓာကိုယ်ကို တရွတ်တိုက်ဆွဲကာ
သူတို့ထံ ဒယိမ်းဒယိုင်ဖြင့်လျှောက်လာနေသော
ရေများစိုရွှဲနေသည့်ပုံရိပ်တစ်ခုကို သူမြင်လိုက်သည်။
ကြည့်နေရင်း ၎င်းက "ချန်းထောင်"ဖြစ်နေသည်။

ချီယန်နဲ့ လီဖုန်းခိုင်လည်း ၎င်းပုံရိပ်ကို
တစ်ပြိုင်နက်တည်းလိုလိုလှမ်းမြင်လိုက်ရ၏။
သူတို့မျက်ဝန်းထဲတွင် ကြောက်ရွံ့မှုများ
ထင်ဟပ်လာတော့သည်။

တစ်စက္ကန့်လေးတောင်စဉ်းစားမနေတော့ဘဲ
ဝမ်ရှန့်က "ပြေးတော့"ဟုအော်လိုက်ပြီး
ရှေ့သို့အလျင်ပြေးတော့သည်။

လမ်းခွဲနှစ်ခုကျော် ပြေးလာပြီးသည့်နောက်
အတော်လေးရှင်းလင်းနေသောဂူတစ်ခုဆီ
ရောက်သွားလေသည်။ ထိုအရာကို နောက်မှာ
ချန်ထားနိုင်ခဲ့ပြီဟုယူဆလျက် သုံးဦးသား
အနားယူရန်ရပ်လိုက်ကြသည်။

ချီယန် မတ်မတ်ရပ်လိုက်ချိန်၌ လီဖုန်းခိုင်က
လက်ထဲကကင်မရာကိုကြည့်ရင်း
မျက်မှောင်ကျုံ့နေတာကို မြင်လိုက်သည်။

ချီယန်က လီဖုန်းခိုင်တို့လောက်
မကျွမ်းကျင်သော်လည်း
ဤဂူ၏အတွင်းပိုင်းတည်ဆောက်ပုံနှင့်
ကျောက်သားနံရံများက တော်တော်လေး
ထူးခြားကြောင်းကို သူလည်းမြင်နိုင်သည်။
လီဖုန်းခိုင်ဆို ပိုလို့တောင်လက်မလွှတ်နိုင်သေးသည်။
ချန်းထောင်နှင့်လျို့ယွီတို့ မတော်တဆမဖြစ်ခင်က
သူက တစ်ချိန်လုံး ကင်မရာကိုင်ပြီး နံရံများ၏ပုံကို
ရိုက်ယူနေခဲ့တာဖြစ်သည်။

ထာဝရချစ်သူ//ထာဝရခ်စ္သူ [မြန်မာဘာသာပြန်] (Completed) Where stories live. Discover now