(Arc-2)Chapter-43

11.9K 2.4K 83
                                    

//Unicode//

(၄၃) မြေခွေး၏အသရေ

ဟူရှင်းပြောတဲ့အတိုင်းဆို ထိုအရာက အနည်းဆုံး
လူကိုးဦးသတ်မည်ဖြစ်ကာ လက်ရှိမှာ
ခြောက်ယောက်ရှိနေပြီဖြစ်သည်။

ပြီးတော့လည်း ဟူရှင်းပြောပုံအရ ထိုအရာက
သူ့အားမျက်စိကျနေပုံရသည်။ အခုလက်ရှိတွင်
သူစိတ်မပူ၊ ကြောင့်ကြမနေပါဘူးဟု ချီယန်
မပြောနိုင်ပေ။

ချီယန်က စနေနေ့ဘတ်စကတ်ဘောသွားကစားတော့
ယဲ့ယင်းကျီအား ညစာပြန်မစားဖြစ်လောက်ဘူးဟု
ကြိုပြောထားခဲ့သည်။ ကစားပြီးနောက်တွင်
ဆင်ခြေတစ်ခုပေး၍ ဘတ်စကတ်ဘော
သူငယ်ချင်းတစ်အုပ်နဲ့ ရင်းနှီးတဲ့သူငယ်ချင်းတွေကို
ကျောင်းအနောက်ပေါက်အပြင်ဘက်မှာ
ဘာဘီကျုးသွားစားဖို့ ဖိတ်လိုက်သည်။

ဟူရှင်းနှင့်ဂိုဏ်းတူမောင်လေးက အခြားစားပွဲမှာ
ထိုင်နေကြသည်။ သူတို့က ချီယန့်စားပွဲကလူတွေကို
တိတ်တဆိတ်လေ့လာနေကြသည်။

သူမဂျူနီယာမောင်လေးက လောင်ယွမ့်ရဲ့
ဂျူနီယာအထက်တန်းအတန်းဖော် ဖြစ်သည်၊
Aမြို့ကဖြစ်ရပ်တွေက မရိုးရှင်းဘူးဆိုတာ
သူသိရသည့်အခါ ကူညီလိုစိတ်ဖြင့်တမင်တကာ
ရောက်လာခဲ့ခြင်းဖြစ်သည်၊ သို့ပေမဲ့ ဟူရှင်းက
သူ့တစ်ယောက်တည်းမလှုပ်ရှားဖို့ မှာထားသည်။
သူကိုယ်တိုင် မကောင်းဆိုးဝါးလက်ထဲမရောက်ရ
လေအောင် တစ်ခုခုလွဲမှားနေရင်သူမထံ သတင်းပို့
ရမည်ဖြစ်၏။

ညစာစားချိန်ပြီးနောက် ချီယန်က အခြားသူများကို
ပြန်ခိုင်းလိုက်ပြီး သူကတော့ဘေလ်ရှင်းဖို့ကျန်နေခဲ့
သည်။ ဟူရှင်းနှင့်ထောင့်တစ်ထောင့်မှာဆုံပြီး
သူ မေးလိုက်သည်။

"အစ်မဟူ၊ ဘယ်လိုလဲ။ တစ်ခုခုတွေ့ရလား"

ဒီမေးခွန်းကိုထုတ်ပြောရသည့်အခိုက် သူ့နှလုံးသားမှာ
ဘာဖြစ်နေလဲ သူရှင်းမပြတတ်ချေ။ လူတွေ
ထပ်အသတ်မခံရအောင် လူရေခြုံထားတဲ့
မကောင်းဆိုးဝါးကို မြန်နိုင်သမျှမြန်မြန်ဖော်ထုတ်နိုင်
စေချင်သော်လည်း သူ့သူငယ်ချင်းတွေထဲက
တစ်ယောက်ကို မကောင်းဆိုးဝါးအဖြစ်ညွှန်ပြလိုက်မှာ
လည်းစိုးထိတ်မိသည်။

ထာဝရချစ်သူ//ထာဝရခ်စ္သူ [မြန်မာဘာသာပြန်] (Completed) Donde viven las historias. Descúbrelo ahora