(Arc-5) Chapter-131

7.5K 1.4K 94
                                    

Unicode
(Arc-5) အပိုင်း ၁၃၁- အမြန်ချောပို့

နှစ်များစွာကြာပြီးနောက်၌ပင် ထိုဖြစ်ရပ်က
ချီယန့်အတွက် အိပ်မက်ဆိုးတစ်ခုအဖြစ်
ကျန်ရှိနေဆဲဖြစ်သည်။ တစ်ပြိုင်နက်တည်းမှာပင်
သူ့နှလုံးသားထဲတွင် ဖြေရှင်းမရသေးသော
မေးခွန်းပေါင်းများစွာရှိလို့နေသည်- ထိုဂူက
ဘယ်လိုနေရာမျိုးလဲ၊ ဘာကြောင့်ထူးခြား
ဆန်းကြယ်နေတာလဲ။ "တောင်ထဲကမကောင်းဆိုးဝါး
ဝိဉာဉ်တွေကိုကျွေးမွေးဖို့ သက်ရှိလူသားတွေကို
ဖျားယောင်းခေါ်ဆောင်သွားတဲ့တစ္ဆေ"လို့ဆိုတဲ့
အမျိုးသမီးကြီးကရော ဘာကိုဆိုလိုတာလဲ။
ပြီးတော့ "သူနိုးထလာတော့မယ်" ဆိုသည့် 
မပီပြင်သောတီးတိုးဆိုသံများ...ဂူထဲရှိအရာများ
ကြောက်ရွံ့ကြသည့် "သူ"ဆိုတာ ဘာကို
ရည်ညွှန်းတာလဲ ပြီးတော့ သူကဘယ်လိုမျိုး
ကြောက်မက်ဖွယ်ရာဖြစ်တည်မှုမျိုးလဲ။

အရေးအကြီးဆုံးက သူ့အစ်ကိုတို့ ထိုနေရာမှာ
အသက်ဆုံးရှုံးခဲ့ရသည်။ 'လူတစ်ယောက်သေပြီဆိုရင်
မီးအိမ်ထဲကမီးစာကုန်သွားသလိုပဲ' ဆိုတာလိုပဲ။
သူတို့တွေ အဆိုးရွားဆုံးအကျိုးဆက်တွေနဲ့
ဆုံခဲ့ရလောက်လား။

ပြီးတော့ သူ... သူကရော အဲ့ဒီဂူကနေ
တကယ်ပဲလွတ်မြောက်ခဲ့ပါရဲ့လား။

နှစ်များတစ်လျှောက် ဤအမေးများက
ချီယန့်ကို မကြာခဏဆိုသလိုတိုက်စားနေခဲ့ပြီး
စိတ်အနားမရအောင်ဖြစ်စေသည်။ သို့သော်
၎င်းကိုတစ်ခါထပ်အတည်ပြုရန်သတ္တိ သူ့မှာမရှိပေ။
တစ်ခါတစ်ရံတွင် သူ့အစ်ကိုတို့က
မြေပြိုမှုကြောင့်သေဆုံးခဲ့တာဖြစ်ပြီး
ထိုဂူ၊ တစ္ဆေသဖွယ်အရိပ်များနှင့် လျိုရွှင်းဆိုသည်မှာ
သူဖန်တီးထားသည့်အရာများဖြစ်သည်ဟု
သူ့ကိုယ်သူ လိမ်ညာနေမိသည်။

ယဲ့ယင်းကျီက ဤသို့အကြံပြုသည့်နောက်
ချီယန်က ချက်ချင်းသဘောမတူလိုက်ပေ။

ယဲ့ယင်းကျီစရိုက်ကို သူနားလည်သည်။ သူ့ချစ်သူက
သူ့ကိုအလိုလိုက်သည်၊ ချစ်သည်၊ သူ
မတရားခံစားနေရတာကိုလက်ပိုက်ကြည့်နေနိုင်မည်
မဟုတ်ပေ။ ပြီးတော့ သူက ဤအရာအားလုံးကို
သူ့အပြုအမူများမှတစ်ဆင့် ဖော်ပြလိမ့်မည်။
ဤတစ်လျှောက်လုံး ယဲ့ယင်းကျီဘဝက
သာသာယာယာချောချောမွေ့မွေ့ပဲဖြစ်ပြီး
ဂုဏ်ယူဖွယ်ရာလူမျိုးဟု လူအများက
သတ်မှတ်ခြင်းကိုခံရသူဖြစ်သည်။ သူက
အတားအဆီးဆိုတာမျိုး မကြုံဖူးပေ။ သို့သော်
တစ်ဖက်မှာ သူကတော့ ထိုဂူမှာ ကြုံခဲ့ရသမျှကို
သူ့ကိုပြန်ပြောပြခဲ့မိသည်။ ၎င်းက မှားသည်ဖြစ်စေ
မှန်သည်ဖြစ်စေ၊ အမှန်တကယ်ဖြစ်စေ
ထင်ယောင်ထင်မှားဖြစ်တာပဲဖြစ်စေ
ယဲ့ယင်းကျီရဲ့ကိစ္စများကို ဖြေရှင်းပုံအရ သူက
ဤကိစ္စကိုတတ်နိုင်သမျှမြန်မြန်ဖြေရှင်းပြီး သူ့ကို
အိပ်မက်ဆိုးများဆီမှကယ်တင်ပေးချင်မည်မှာ
သေချာသည်။

ထာဝရချစ်သူ//ထာဝရခ်စ္သူ [မြန်မာဘာသာပြန်] (Completed) Where stories live. Discover now