(Arc-4) Chapter-126

7K 1.4K 68
                                    

//Unicode//
(Arc-4) အပိုင်း ၁၂၆- ဓားသွေးခြင်း

လွန်ခဲ့သောနှစ်အတော်ကြာ ချီယန်
ပထမနှစ်စတက်စဉ်က သင်တန်းတစ်ခုတက်ဖူး
သည်။ ဤသင်တန်းတွင် စိတ်ပညာဆိုင်ရာ
အတွေးအမြင်များနှင့် Ayn Rand, Nozick_
Rawls and Kantတို့အပါအဝင်
အမျိုးမျိုးသောသင်ရိုးများ၏ လူ့အသိုင်းအဝိုင်းမှ
သတ်မှတ်သောအမှားနှင့်အမှန်အကြောင်းဖြစ်သည်။
အတန်းတွင် ဘက်မလိုက်မှုနှင့်တရားမျှတမှုများ
အကြောင်းဆွေးနွေးသည်။
အစွန်းရောက်ယူဆမှုတစ်ခုမှာ__

ကမ္ဘာပေါ်မှာ Aလို့ခေါ်တဲ့လူတစ်ယောက်
ရှိတယ်ဆိုပါစို့၊ Aကိုသတ်လိုက်ရင်
တစ်ကမ္ဘာလုံး ပိုမိုကောင်းမွန်စွာနေနိုင်မယ်ဆို
Aကသေသင့်ပါသလား။ အကယ်၍ Aက
ကမ္ဘာကြီးအတွက်အသုံးမဝင်ဘူးဆိုပါစို့၊
ပြီးတော့ Aကိုသတ်လိုက်ရင် လူတိုင်း
ပိုမိုကောင်းမွန်စွာနေထိုင်နိုင်မယ်ဆိုရင်
Aကသေသင့်ပါသလား။

ဤမေးခွန်းနှင့်ဆင်သည့် နောက်ထပ်နာမည်ကျော်
ရထားလမ်းမေးခွန်းတစ်ခုရှိသေးသည်__

အရှိန်နဲ့မောင်းနှင်လာတဲ့ဓာတ်ရထားက ထိန်းချုပ်မှု
လွတ်ပြီး လမ်းအတိုင်းအပြင်းနှင်လာခဲ့တယ်။
မူလကံဆိုးမှုမှာ လူဆယ်ယောက်သေရလိမ့်မယ်။
တိုက်တိုက်ဆိုင်ဆိုင် မင်းလက်ထဲမှာလက်ကိုင်တစ်ခု
ရှိနေတယ်။ လက်ကိုင်ကိုဖိလိုက်မယ်ဆိုရင်
ဓာတ်ရထားက လမ်းကြောင်းလွှဲသွားမယ်။
ဒါပေမဲ့လို့ လူသုံးယောက်သေလိမ့်မယ်။
လူမှုစည်းမျဉ်းလိုအချက်တွေကိုဘေးဖယ်ထားပြီး
လူ့အသိုင်းအဝိုင်းကသတ်မှတ်တဲ့ အမှားအမှန်
တစ်ခုတည်းနဲ့တင် မင်း လက်ကိုင်ကိုဖိလိုက်မှာလား။

(လူ့အသိုင်းအဝိုင်းကသတ်မှတ်တဲ့အမှားအမှန်_
နားလည်သလောက်ပြောရရင် ဒီမှာဆိုရင်
လူသုံးယောက်ပဲသေတယ်ဆိုပြီး လူ့အသိုင်းအဝိုင်းက
ဒီလုပ်ရပ်ကိုမှန်တယ်လို့ယူဆကြမှာ။ ဒါပေမဲ့
အဲ့ဒီသေရတဲ့လူသုံးယောက်အတွက်ကျရော?
တရားမျှတရဲ့လား?)

သူငယ်ငယ်တုန်းကတော့ သိပ်မတွေးတတ်တာမို့
အကုန်ခြုံငုံပြီး ပြောရတာကိုနှစ်သက်ခဲ့သည်။
သူက တော်တော်လေးမြင်တတ်တာပဲလို့တောင်
ခံစားခဲ့ရဖူးသည်။ သို့ပေမဲ့ သူပိုသိမြင်လာခဲ့လေ
ဆုံးဖြတ်ချက်များ အလွယ်တကူမချပစ်နိုင်လေပဲ
ဖြစ်သည်။ ကြီးပြင်းလာတဲ့ထဲ ပထမခြေလှမ်းက
ခေါင်းငုံ့ပြီး မတူညီတဲ့အသံတွေကို
နားထောင်တတ်လာဖို့ပဲဖြစ်သည်။

ထာဝရချစ်သူ//ထာဝရခ်စ္သူ [မြန်မာဘာသာပြန်] (Completed) Donde viven las historias. Descúbrelo ahora