(Arc-4) Chapter-118

6.8K 1.4K 12
                                    

(Arc-4) အပိုင်း ၁၁၈- ညဉ့်နက်သန်းခေါင်မှာ
အလည်လာတဲ့ဧည့်သည်

ချီယန်က လွယ်ကူစွာပဲ ထွက်လာခဲ့သည်၊
ထိုအရာက ဘာမှမပြောပေ။ ချောမွေ့လွန်း၍
သူ့နှလုံးသားထဲမှာ ထင့်နေသည်။ လွန်ခဲ့သော
နှစ်များ၊ သူ အထက်တန်းကျောင်းသားဘဝက
anime နှင့် ရုပ်ရှင်စီးရီးများ ကြည့်ခဲ့ဖူးသည်၊
သို့ပေမဲ့ဇာတ်ကြောင်းက ဤကဲ့သို့မဟုတ်ပေ။
ဗီလိန်ဘော့စ်ရှေ့၌ မည်သူမျှ လွယ်လင့်တကူ
ထွက်သွား၍မရနိုင်ပေ။ ထွက်သွား၍ရခဲ့လျှင်
၎င်းက ဘော့စ်အစစ်မဟုတ်ဘဲ သူ့ထက်
စွမ်းအားကြီးသူ ရှိနေသေး၍သာဖြစ်သည်။

သို့ပေမဲ့ သူ့စိတ်ထဲ ထားမနေတော့ပေ။
ဘယ်လိုပဲဖြစ်ဖြစ် ယခုက အနုပညာဖန်တီးမှု
မဟုတ်ဘဲ လက်တွေ့ဖြစ်သည်။ သူ့ဘေးမှာ
ရပ်တည်ပေးမည့် ကိုကိုယင်းကျီကဲ့သို့
စွမ်းအားကြီးသည့်လူများ ရှိနေလိမ့်မည်။

ယဲ့မိသားစုကားက အပြင်မှာစောင့်နေသည်။
ဒရိုင်ဘာအပြင် ကားအနောက်ခန်းမှာထိုင်နေသည့်
အခြားလူတစ်ယောက် ရှိနေသည်။ ရွှီရှင်းပါပင်။

ရွှီရှင်းက ပြောသည်။

"အကိုက နင်နဲ့လိုက်သွားခိုင်းတာ"

ချီယန် ခေါင်းညိတ်လိုက်သည်။ သူ ကားထဲဝင်ရန်
တံခါးကိုဆွဲဖို့ ပြင်လိုက်စဉ် သူ့အနောက်ကို
တစ်စုံတစ်ယောက် ပြေးလိုက်လာပြီး
လှမ်းအော်၏။

"အကြီးဆုံးသခင်လေး ခဏစောင့်ပါဦး!"

ချီယန်က ကားရှေ့မှာ မတ်တပ်ရပ်လျက်
ရပ်လိုက်သည်။ လီမောင့်က လက်ထဲမှာ
သေတ္တာနက်လေးတစ်လုံးကိုင်လျက် သူ့ဆီ
လျှောက်လာသည်။

"သခင်လေး.. ဒါ ကျွန်တော်တို့ ဒုတိယသခင်လေးရဲ့
ပစ္စည်းတွေ ရှင်းနေတုန်းက ရှာတွေ့ခဲ့တဲ့ဟာပါ။
ဒီအောက်မှာ သခင်လေးအတွက်ထားခဲ့တာလို့
ရေးထားတဲ့ စာလေးတစ်စောင်ရှိနေပါတယ်"

ဘဏ္ဍာထိန်းက စာတစ်စောင်ဟုပြောသော်လည်း
အမှန်မှာ ဤသေတ္တာလေးကိုချီယန့်အတွက်
ထားခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားသည့်
sticky noteလေးတစ်ခုသာ ဖြစ်သည်။

ချီယန်က တွေဝေနေသော်လည်း သူ့ကို
ကျေးဇူးတင်စကားဆိုလျက် လက်ခံလိုက်သည်။

ထာဝရချစ်သူ//ထာဝရခ်စ္သူ [မြန်မာဘာသာပြန်] (Completed) Donde viven las historias. Descúbrelo ahora