(Arc-1)Chapter-24

15K 2.8K 292
                                    

//Unicode//

အပိုင်း(၂၄) တစ်ညလုံးအပြင်မှာ

ဘာကမှားသွားတာလဲ ချီယန်စဉ်းစားလို့မရနိုင်။
Central ချန်နယ် 1 ကထုတ်လွှင့်နေတာကိုပဲ
သုံးနာရီလုံးလုံးစိုက်ကြည့်နေခဲ့ပြီး သူ့ဦးနှောက်
ကတော့ အသကုန်အလုပ်လုပ်နေခဲ့သည်။

ယဲ့ယင်းကျီကအံ့ဩသွားသည်။

"အားယန် ဘယ်တုန်းကCentral Station
ကိုကြိုက်သွားတာလဲ။ ချန်နယ်1ဆိုပြောမနေနဲ့တော့"

ယဲ့ယင်းကျီရဲ့အေးစက်စက်အသံက ချီယန့်ကို
လန့်သွားစေသည်။ ချီယန်ကTV ကိုအလျင်အမြန်
ပိတ်လိုက်ပြီး သူ့ဘက်ကိုထိတ်လန့်နေတဲ့ယုန်
ကလေးလိုမျက်လုံးတွေနဲ့လှည့်ကြည့်လာသည်။

ယဲ့ယင်းကျီက ချီယန့်ဆီကနေ ရီမုကိုယူလိုက်သည်။

"ပိတ်လိုက်ပြီးမှတော့ထားလိုက်တော့။
ကိုယ်တို့လည်းအိပ်ရအောင်"

ချီယန်မှာ 'ဒီညဆိုဖာပေါ်မှာအိပ်မယ်' လို့ပြောဖို့
သတ္တိမရှိတာအံ့ဩစရာ​တော့ မရှိပါပေ။
ခါတိုင်းနေ့တွေလိုပဲ အိပ်ယာဆီသွား၊အင်္ကျီချွတ်ပြီး
စောင်ကိုဆွဲခြုံလိုက်ကာ အိပ်ဖို့ပြင်လိုက်သည်။
သူ့ကိုလှမ်းဆွဲချင်နေသည့်တစ်စုံတစ်ယောက်ကိုတော့
ရဲဝင့်စွာနဲ့ တွန်းထုတ်နိုင်ခဲ့ပါ၏။ ချီယန်က
စောင်ကိုတင်းတင်းဆွဲခြုံလိုက်ပြီး မဝံ့မရဲ
ပြောလိုက်သည်။

"ယင်းကျီ ကျွန်တော်ပင်ပန်းနေသေးတယ်။
ဒီနေ့နားချင်ပြီ"

အခု ဆက်ပြီးဟန်မဆောင်နိုင်တော့မှာကို ချီယန်
ကြောက်နေသည်။ မကြာမီမှာပဲသူတောင့်မခံနိုင်
တော့ဘဲ ထွက်ပြေးမိရင်.....အဲ့ဒီအခါ
ယဲ့ယင်းကျီကသိသွားပြီး သူ့ကိုထပ်ပြီးဖမ်းသွား
လိမ့်မည်။

အဲ့ဒီအချိန်ကျဘာဖြစ်မလဲ ချီယန်လုံးဝမသိပေ။
အဲ့လိုမသိတာကြောင့်ပဲ တစ်ယောက်တည်း
ရောက်တတ်ရာရာ လျှောက်တွေးမိလေကာ
ပို၍ကြောက်ရွံ့ထိတ်လန့်လာသည်။

အရင်ဆုံး...ပုံမှန်အတိုင်းပဲပြုမူ။ အနည်းဆုံးတော့
သူဘေးကင်းမှာပါ။

ယဲ့ယင်းကျီကစောင်ကိုခေါက်တင်လိုက်ကာ သူ့ကို
ဘောလုံးဖြစ်အောင်လှိမ့်လိုက်သည်။ သူက
စောင်အပေါ်မှနေ၍ ချီယန့်ရဲ့ဗိုက်ကိုမပျော်မရွှင်နဲ့
တို့ထိလိုက်သည်။

ထာဝရချစ်သူ//ထာဝရခ်စ္သူ [မြန်မာဘာသာပြန်] (Completed) Wo Geschichten leben. Entdecke jetzt