(Arc-3)Chapter-69

10.1K 2.2K 67
                                    

//Unicode//

(69) နှစ်ခါတောင်စားမှာလား?

ချီယန်သည်ဂရေးနှင့်အတူ ဆေးရုံသို့လိုက်သွားပြီးမှ
ပြန်ထွက်လာခဲ့ကြသည်။ ဒဏ်ရာမှ သွေးတို့က
အနောက်ခန်းကခုံပေါ် စွန်းထင်းနေသည်။

ဂရေးက မြင်သော် မျက်မှောင်ကျုံ့ကာ
ရေရွတ်လိုက်၏။

"လဲရတော့မှာပဲ"

ချီယန်လည်း စိတ်ထဲကသံသယများကို
ထုတ်မမေးဘဲ မနေနိုင်တော့။

"ခင်ဗျားက တကယ်ပဲ သွေးမျိုးနွယ်ဝင်ဟုတ်ရဲ့လား။
သွေးက ခင်ဗျားပေါ် ဘယ်လိုလုပ်သက်ရောက်မှု
မရှိတာလဲ။ ခင်ဗျားက ကူညီပေးဖို့ ရှေ့တောင်
မားမားမတ်မတ်ထွက်ရပ်လိုက်သေးတယ်"

ဂရေးက သူ့ကိုအထူးတဆန်းကြည့်လာပြီး၊
"မင်းဆိုရင်ရော အစားအသောက်မြင်တာနဲ့ခုန်အုပ်လို့
လား။ လူသားတွေနဲ့ သွေးမျိုးနွယ်ကြား
ဆက်ဆံရေးက ဘယ်လိုပဲဖြစ်နေပါစေ၊
လူသားတွေတောင်မှ ဒဏ်ရာရနေတဲ့တိရစ္ဆာန်တွေကို
တွေ့ရင် ဆေးရုံခေါ်သွားပေးသေးတာပဲမဟုတ်လား။
သွေးမျိုးနွယ်နဲ့ လူသားမျိုးနွယ်ကြားမှာ မတူတဲ့
အချက်က ရှင်သန်မှုနည်းလမ်းတွေနဲ့ နေထိုင်ပုံတွေပဲ။
အဲ့ဒါကလွဲလို့ ရုပ်ရည်သွင်ပြင်၊ ဉာဏ်ရည်နဲ့
တွေးခေါ်ပုံစတဲ့ တစ်ခြားဟာတွေက တော်တော်လေး
ဆင်တယ်။ တစ်ယောက်နဲ့တစ်ယောက်
ချစ်ခင်ကြင်နာတာ၊ စာနာရိုင်းပင်းတာက
ပုံမှန်ပဲမဟုတ်ဘူးလား"

အဓိပ္ပါယ်တော့ရှိသား.....

"ဒါပေမဲ့ ကျွန်တော့်အိမ်နီးချင်း ဗန်ပိုင်းယား
တစ်ချို့ကျ ဘာမှမသိတဲ့ ကျွန်တော့်ကို
သွေးစုပ်ရဖို့ကို လှည့်ဖျားသွားတယ်လေ"

"ဟက်" ဂရေးက ထေ့ငေါ့လျက်ရယ်လိုက်၏။

"စည်းမျဉ်းတွေ မလိုက်နာတဲ့ မြီးကောင်ပေါက်လေး
တွေပဲ။ သွေးမျိုးနွယ်အကြီးအကဲတွေရဲ့
ဥရောပအစည်းအဝေးမှာတုန်းက စည်းကမ်းမဲ့တဲ့
အငယ်တွေကို မျိုးနွယ်ကနေနှင်ထုတ်ပြီး
သူတို့ကို ဗန်ပိုင်းယားမုဆိုးတွေလက်ထဲ အပ်မယ်
ဆိုတဲ့ စည်းမျဉ်းတစ်ခုချမှတ်ထားတယ်။
သူတို့ ဩစတြေးလျမှာပဲ ဒီလိုလုပ်ရဲနေကြတာ၊
ဒီက အမဲလိုက်မုဆိုးတွေ၊ ပယောဂဆရာတွေက
တအားအပျင်းကြီးတယ်လို့ ကြားတယ်"

ထာဝရချစ်သူ//ထာဝရခ်စ္သူ [မြန်မာဘာသာပြန်] (Completed) Wo Geschichten leben. Entdecke jetzt