(Arc-4) Chapter-104

9.1K 1.6K 75
                                    

Note- taoist ကို google translate မှာ
ရှာလိုက်တာ တရုတ်လိုtaoshiလို့ အသံထွက်တာမို့
တောက်ရှီလို့ပဲ ရေးပါတော့မယ်

//Unicode//

(Arc-4) အပိုင်း ၁၀၄- ထိုသူ

သူက ချီမိသားစုက ထွက်လာပြီးခဲ့ပြီ။
ချီမိသားစုနဲ့ နည်းနည်းမှ ဆက်နွယ်ခြင်းမရှိအောင်
လူပြန်ဝင်စားဖို့ ဆန္ဒမျိုးတောင်ရှိသည်။
ချီမိသားစုက ပစ္စည်းဥစ္စာတစ်ခုကိုမှလိုချင်စိတ်မရှိပေမဲ့
သူက ချီမိသားစုရဲ့အကြီးဆုံးမြေး
ဖြစ်နေသေးသည်ပင်။ ပြီးတော့ ဒီအချက်ကပဲ
ချီယွမ့်ရှန်ကိုမဆိုထားနှင့် ချီရုန့်ကိုတောင်
မသက်မသာခံစားရစေ၏။

သူက ချီရုန့်စိတ်ထဲက ဆူးတစ်ချောင်းမှန်း
အရင်ကတည်းက သူသိခဲ့သင့်သည်။ ဒီဆူးက
ဆွဲနှုတ်ပစ်ရုံနဲ့တင်မလုံလောက်။ ချီရုန့်အတွက်
တည်ငြိမ်တဲ့ဘဝတစ်ခုရဖို့ဆို သူ့ကိုအပြည့်အဝ
ဖျက်စီးပစ်ရမည်ဖြစ်သည်။

တစ်ဖက်ကလူရဲ့သတ်ဖြတ်ချင်စိတ်က
ထင်ရှားနေပြီဖြစ်ရာ သူကလည်း ဒီတိုင်းထိုင်ပြီး
အသတ်ခံရဖို့ကိုစောင့်မနေနိုင်ပေ။ သူ့ကို
တစ်ဖက်က သတ်ပစ်ဖို့ဆုံးဖြတ်ထားပြီးမှတော့
ပထမတစ်ခါပြီးလျှင် ဒုတိယတစ်ခါဆိုတာ
ရှိလာဦးမည်ပင်။ အမည်မသိ 'နတ်ဘုရား'ဆီက
အကူအညီနဲ့ သူ တစ်ခါလွတ်မြောက်ခဲ့ပြီဆိုပေမဲ့
နောက်တစ်ခါဆိုရင်ဖြင့် ကံကောင်းလောက်တော့မည်
မဟုတ်ပေ။ သူက ပါဝါမရှိ၊ ဩဇာမရှိသည့်
သာမာန်လူတစ်ယောက်ပင်ဖြစ်ရာ တောက်ဂိုဏ်း၏
လျှို့ဝှက်ဆန်းကြယ်ပြီး ခန့်မှန်းရခက်သည့်
ဂုဏ်သရေရှိမိသားစုတစ်ခုနှင့် ယှဉ်နိုင်ရန်ဆိုသည်မှာ
ခက်ခဲလွန်းနေသည်။ ဒါက သူ့အိပ်မက်တွေအကြောင်း
အရူးတစ်ယောက်ကို သွားပြောပြ​နေသလိုမျိုးနဲ့
အတူတူပဲလေ။

Rမြို့တော်ကိုပြန်လာပြီးနောက်ပိုင်း ချီယန်
အချိန်ယူစဉ်းစားကြည့်ပေမဲ့ သူ့အသက်ကို
ကယ်ပေးနိုင်မည့် ဘေးကင်းပြီးဖြစ်နိုင်ခြေရှိသည့်
နည်းမျိုး စဉ်းစားလို့မရခဲ့ချေ။ တောက်ရှီဆရာတွေနဲ့
မှော်ပညာလေ့လာသူတွေ သူ့တည်ရှိမှုကို
သတိပြုမိမှ ချီမိသားစုက သူ့ကိုအန္တရာယ်ပေးမည့်အခါ
နှစ်ခါပြန်စဉ်းစားရမည်ဖြစ်သောကြောင့်
သူတွေးနိုင်သည့် တစ်ခုတည်းသောနည်းမှာ
အတိတ်ကအသိုင်းအဝိုင်းထဲ ပြန်ဝင်ရောက်ရန်ပင်
ဖြစ်၏။ ပြီးတော့ ဤအခွင့်အရေးကိုအသုံးချပြီး
အသက်ကယ်နည်းလမ်းတစ်ချို့လည်း
ရယူနိုင်သေးသည်။

ထာဝရချစ်သူ//ထာဝရခ်စ္သူ [မြန်မာဘာသာပြန်] (Completed) Where stories live. Discover now