Part 2

581 87 10
                                    

အလှပဆုံးသောပုံရိပ်ကလေးမှသည် ကိုယ့်နှလုံးသားဆီသို့~

........

မနက်ခင်းအတန်းတက်ချိန်တစ်ချိန်လုံးဟာ တရွေ့ရွေ့နဲ့သာလှည်ပတ်ရင်းကုန်ဆုံးလို့သွားပေမယ့် ထယ်ယုံးရဲ့အာရုံစိုက်နိုင်စွမ်းကိုတော့ ဘယ်ဘာသာရပ်ကမှလုံးဝဥသုံမရရှိခဲ့ပေ။

အချိန်စက်ဝန်းတွေကပုံမှန်အတိုင်းရွေ့လျားပြီးလည်ပတ်လို့နေသည်။နာရီလက်တံတွေဟာလဲအကြိမ်ဖန်များစွာ
အထပ်ထပ်လည်ပတ်လို့ တစ်ပတ်ပြီးတစ်ပတ်
တရွေ့ရွေ့နဲ့သာကုန်လွန်လို့လာခဲ့တာ ခပ်မြန်မြန်ပဲ
အချိန်ကာလတစ်လတိတိကြာမြှင့်ခဲ့ပြီဖြစ်သည်။

ပြောပြရရင်ယုံနိုင်ကြပါ့မလားမသိပေမယ့်
ထယ်ယုံးတစ်ယောက်သူစိတ်အားထက်သန်စွာနဲ့ဝင်ပြိုင်ချင်ခဲ့တဲ့ ဓာတ်ပုံပြိုင်ပွဲအတွက်ကို
အခုချိန်ထိဘာတစ်ခုမှပြင်ဆင်ထားမူရှိမနေခဲ့။

အချိန်နဲ့ဒီရေသည်လူကိုမစောင့်ဟူသောစကားအတိုင်း
နီးကပ်လို့လာတဲ့ဓာတ်ပုံပြပွဲအတွက်
ဘာပြင်ဆင်မူတစ်ခုမှမပြုလုပ်ရသေးတဲ့ ထယ်ယုံးကိုလဲ
အချိန်တွေကသက်ညှာစွာ စောင့်ဆိုင်းခြင်းမျိူးမရှိခဲ့ပေ။

အချိန်တွေဟာနေ့ရက်တွေကို သူနဲ့အတူခေါ်ဆောင်သွားရင်း တရွေ့ရွေ့နဲ့ခရီးရှေ့ဆက်သွားလေတော့သည်။

ဓာတ်ပုံပြိုင်ပွဲသို့ ပါဝင်ယှဉ်ပြိုင်မည့်ဓာတ်ပုံကိုပေးပို့ရန်နောက်ဆုံးDeadlineမှာ 3ရက်တိတိသာလိုတော့သည်။
တဖြေးဖြေးနဲ့နီးကပ်လို့လာတဲ့ ရက်အနည်းငယ်က
ထယ်ယုံးအတွက် နေရမရထိုင်မရနဲ့ ရင်ပူနေရသည့်
အခြေအနေတရပ်ကို ဖန်တီးနေလေတော့သည်။

ကျောင်းချိန် ၊ အလုပ်ချိန်နဲ့ ကျောင်းကအိမ်စာပေးလိုက်တဲ့
ပရောဂျက်ကိစ္စတွေနဲ့တင်ထယ်ယုံးမှာတနေ့တနေ့
ရှုပ်ယှက်ခတ်လောက်အောင်ကိုအချိန်လုရင်းဖြေရှင်းနေရသေးတာမို့ ဓာတ်ပုံကိစ္စအတွက်ကို ကောင်းကောင်းအာရုံစိုက်နိုင်ဖို့အတွက် ထယ်ယုံးမှာ အချိန်ပိုဟူ၍လုံလုံလောက်လောက်ဘယ်တော့မှရှိမနေခဲ့ခြင်းဖြစ်သည်။

"စိတ်ဆင်းရဲလိုက်တာကွာ ငါတကယ်ပဲ
လက်လျော့ရတော့မှာလား "

7days Memories ( Completed)Where stories live. Discover now