Part 12

368 54 3
                                    

ဆာကူရာပွင့်ချပ်တွေကို ယူဆောင်လာပေးတဲ့
နွေဦးဧပရယ်က ကျွန်တော်ရဲ့အိမ်မက်ရှည်ကြီးထဲက
အီထယ်ယုံးဆိုတဲ့လူကိုလဲ ဒီနှစ်ရဲ့နွေဦးလေပြေတွေနဲ
အတူ ခေါ်ဆောင်လာခဲ့ပြန်တယ်။

ကော်ဖီဆိုင်မှန်တံခါးချပ်လေးကိုတွန်းဖွင့်လိုက်ချိန်
ဆိုင်အတွင်းဘက်ကို ခပ်မြန်မြန်ပဲ့တင်လို့ထွက်လာတဲ့
ခေါင်းလောင်းသံလေးတွေနဲ့အတူ ကျွန်တော့
နှလုံးခုန်သံတွေကလဲရင်ဘတ်ထဲမှာ
ခပ်မြန်မြန်ပဲတရိပ်ရိပ်နဲ့ခုန်လာတယ်။
သတိမထားမိတဲ့အချိန်ခဏလေးအတွင်းမှာ
ကျွန်တော့နှုတ်ဖျားကဒီလူ့နာမည်ကို
ခပ်တိုးတိုးရေရွတ်မိလိုက်ပြန်တယ်။

"ထယ်ယုံး...."

စဉ်းစားကြည့်ရုံနဲ့တင် နှုတ်ဖျားကနေနောက်ထပ်တကြိမ်
ပြန်လည်ရစ်ဝဲလာပြန်တဲ့ ဒီလူရဲ့အမည်နာမပါပဲ။
တမ်းတမိလိုက်တဲ့အချိန်တိုင်း အဆုံးသတ်မှာ
နွေးထွေးမူတွေ အေးစက်မူတွေနဲ့ ခံစားချက်မျိူးစုံ
နစ်ဝင်နေတဲ့ ဒီအမည်နာမကို ကျွန်တော်သဘောကျတယ်။

မျက်ရည်တွေနဲ့ပြည့်နှက်နေတဲ့ထယ်ယုံးရဲ့
ပုံရိပ်ကိုမြင်တော့ကျွန်တော့အတွေးတွေက
ယောက်ယက်ခတ်လောက်အောင် ရှုပ်ထွေးလာပြန်တယ်။
သူကရောကျွန်တော့လိုပဲ တမ်းတမ်းတတနဲ့
တွေ့ချင်နေလိမ့်မလားဆိုတဲ့ခံစားချက်ကလေး
ဝင်လာမိတဲ့အခိုက်တန့်မှာ ကျွန်တော့မျက်ဝန်းတွေကလဲ
ထယ်ယုံးရဲ့မျက်ဝန်းတွေနဲ့ထပ်တူမျက်ရည်စတွေနဲ
့ပြည့်နှက်လာတယ်။

မျက်လုံးမှိတ်လိုက်တဲ့အချိန်တိုင်း
အဲ့မျက်ဝန်းတွေက ကျွန်တော့အတွေးထဲ
ထင်ဟပ်လာနေတုန်းပဲ။
အချိန်တိုင်းသူ့အကြောင်းပဲစဉ်းစားနေမိတာ
ခဏတာဆုံခဲ့ရတဲ့ အဲ့မျက်ဝန်းတွေကိုမြင်ပြီးတည်းကပဲ။
အခုဆိုသူနဲ့ပြန်မဆုံဖြစ်တာအချိန်က
တစ်လတောင်ကျော်သွားခဲ့ပြီဆိုပေမယ့်
ကျွန်တော့်စိတ်ထဲတော့ဓာတ်ပုံတစ်ခုကို
အထပ်ထပ်ခါခါထုတ်ကြည့်နေရသလိုအဲ့မျက်ဝန်းတွေက
ထင်ဟပ်နေတုန်းပါပဲ။

သူ့ပုံရိပ်ကိုတွေ့လိုက်ရရုံနဲ့ ကျွန်တော့နှုတ်ဖျားက
သူ့အမည်နာမကိုရေရွတ်မိတဲ့ထိ တမ်းတနေခဲ့တယ်
ဆိုတဲ့ကျွန်တော့စိတ်ကိုလဲသိခဲ့ရတယ်။
ဒီလောက် ထူးဆန်းလွန်းအောင်ရင်းနှီးနေတဲ့
ခံစားချက်တွေက ကျွန်တော့အတွေးတွေကို
ပြာယာခတ်စေတယ်။

7days Memories ( Completed)Where stories live. Discover now