Part11

353 61 8
                                    

နွေဦးဧပရယ်ရဲ့နေ့ရက်တွေအတွက် ဟန်းဂုမြေအတွက်
တွေးထင်ထားတာထက်ပင် သိပ်ကိုလှပလွန်းတဲ့
ပတ်ဝန်းကျင်တစ်ခုကိုအမြဲဖန်တီးပေးတတ်သည်။

ဆာကူရာပွင့်ချပ်တွေနဲ့ပြည့်နှက်နေတတ်တဲ့
ကတ္တရာလမ်းခပ်ထူထူတွေရယ်၊
အဝါနုရောင်သန်းလို့ကြည်လင်နေတဲ့နေရောင်ခြည်
ခပ်နွေးနွေးရယ်၊
ရယ်မောလို့ဖြတ်သန်းသွားလာနေတဲ့လူတွေနဲ့အတူ
လှပလွန်းတဲ့နွေဦးလရာသီတစ်ခုရဲ့
ပတ်ဝန်းကျင်ကပြည့်စုံလွန်းသည်။

တိုကျိုမြို့ကဆာကူရာနေ့ရက်တွေကိုပင်
ပြန်တမ်းတဖို့အတွက်မေ့လျော့သွားနိုင်လောက်အောင်
ဟန်းဂုမြေရဲ့ဆာကူရာနေ့ရက်တွေကလဲ
တိုကျိုမြို့နည်းတူလှရက်လွန်းတယ်။

ဆိုင်တန်းတွေရှေ့ကလူသွားတန်းပလက်ဖောင်းပေါ်မှာ
ပြေးလွှားလို့ကစားနေတဲ့ကလေးလေးသုံးယောက်ရဲ့
ရယ်သံခပ်လွင်လွင်လေးက ဆည်းလည်းသံလေးတွေလို
နားထောင်လို့ကောင်းလွန်းတယ်။

စိတ်လွတ်ကိုယ်လွတ်ရယ်မောနေကြတဲ့
ဒီလိုချစ်စရာကောင်းတဲ့ဒီပုံရိပ်လေးတွေကို
ဒိုယောင်းကကော်ဖီဆိုင်မှန်တံခါးချပ်တွေရဲ့
အကူညီနဲ့ငေးကြည့်လို့ ခပ်ဆဆပြုံးရယ်နေသည်။

ကော်ဖီခွက်လေးတွေကိုင်ပြီး ဘေးနားကိုရောက်လာတဲ့
ဂျယ်ဟွန်းကိုပင်သတိမမူမိသည်အထိ
ဒိုယောင်းကအပြင်ဘက်ပတ်ဝန်းကျင်ကိုပဲ
တမေ့တမြောငေးကြည့်နေသည်။

အကြောင်းအရာအထွေအထူးမရှိပါပဲ
ဒီလိုပုံရိပ်တွေကို ဒိုယောင်းငေးကြည့်တတ်ခဲ့တာကြာပြီ။
အာရုံတွေပျံ့လွင့်နေတာထက်စာရင်
စိတ်တွေကို အကြောင်းပြချက်ရေရေရာရာမရှိပါပဲ
တနေရာတည်းကို အာရုံစူးစိုက်လို့ထားလိုက်တာက
သူ့အတွက်ပိုကောင်းမယ်ဆိုပြီးထင်လို့ပါတဲ့။

ဂျယ်ဟွန်းလက်ထဲကနေ မျက်စိရှေ့ကိုရောက်လာတဲ့
အငွေ့ထောင်းထောင်းထအောင်ပူလွန်းနေသေးတဲ့
အမေရိကာနိုခွက်လေးကို ဒိုယောင်းက
စက္ကန့်အနည်းငယ်မျှသာကြာအောင်တစ်ချက်ငေးကြည့်ရင်း
မှန်တံခါးချပ်တွေရဲ့အပြင်ဘက်မှာ ဖြတ်သန်းသွားလာနေတဲ့
လူတွေရဲ့ပုံရိပ်ကိုသာ ပြန်လည်အာရုံစိုက်ထားလိုက်ပြန်သည်။

7days Memories ( Completed)Tempat cerita menjadi hidup. Temukan sekarang