လေဆိပ်မှတရိပ်ရိပ်ဖြင့်ထွက်ခွာလာသည့်အနက်ရောင်ကားလေးတစ်စီးသည် တိုကျိူမြို့၏ကတ္တရာလမ်းမတလျှောက်ဆီသို့ခရီးနှင်နေလေသည်။
ကားမှန်မှတဆင့်ဖြတ်ပြေးနေသည့်ပုံရိပ်များနှင့်အတူ ဆာကူရာပန်းများပွင့်လန်းနေသည့်တိုကျိူမြို့၏နွေဦးနံနက်ခင်းသည် နွေးထွေးခြင်း ဝမ်းနည်းခြင်းများနှင့်အတူ အတိတ်ကာလများဆီတွင်လည်ပတ်ခဲ့သည့်မှတ်ဥာဏ်များအားနှလုံးအိမ်ထဲတွင် ပုံရိပ်ထင်စေသည်။ မျက်ဝန်းအိမ်များသည်ကြည်နူးရခြင်းများနှင့်အတူမျက်ရည်ကြည်များအားရစ်ဝဲစေပြန်သည်။မလွန်ဆန်နိုင်ခြင်းများကြောင့် ဒိုယောင်းနှင့်အတူချန်ရစ်ခဲ့မိသည့်ဆာကူရာမြေသည် ဒိုယောင်းအားရင်ခွင်ထဲသို့ပွေ့ပိုက်ရင်းဖြင့်နောက်ထပ်တကြိမ်ပြန်လည်ခြေချမိချိန်တွင်လည်း အရင်အချိန်များကလိုပင် နွေးထွေးစွာကြိုဆိုနေဆဲဖြစ်သည်။
ပုခုံးစွန်းဆီသုိ့ရိုက်ခတ်နေသည့် ဝင်သက်ထွက်သက်နွေးနွေးကြောင့်ထယ်ယုံးငဲ့ကြည့်မိသည့်အခါ အကြင်သူသည်အိပ်မောကျနေသည့်ဟန် တိုးညင်းလှသည့်အသက်ရှူလေးနှင့်အတူ ငြိမ်သက်နေခဲ့လေသည်။
ပုခုံးထက်၌မှီတွယ်၍အိပ်မောကျနေသည့်ခေါင်းလုံးလုံးလေးထက်မှဆံနွယ်စများအားနမ်းရှိုက်လိုက်ရင်းထယ်ယုံး၏နှုတ်ခမ်းပါးတို့ ကော့ညွတ်ရပြန်သည်။
" ဒိုယောင်း..ဒီတစ်ခေါက်တော့ကိုယ်တို့ထပ်မခွဲရတော့ဘူး
ထင်ပါတယ် "
ကားမှန်မှတဆင့်မြင်နေရသည့်ဆာကူတန်းပင်တန်းများအား
ငေးမောရင်းထယ်ယုံး၏နှူတ်ဖျားမှခပ်တိုးတိုးရေရွတ်မိသည်။"ဘယ်လိုအကြောင်းပြမျိူးနဲ့မှ မင်းကိုကိုယ်ကထားရစ်ခဲ့တော့မှာမဟုတ်ဘူးဒိုယောင်း .."
ထယ်ယုံး၏နှုတ်ဖျားဆီမှခပ်တိုးတိုးညည်းတွားလိုက်သည့်ဟန်ရေရွတ်လိုက်သည့်စကားသံသည် ပုခုံးထက်၌မှီတွယ်၍အိပ်မောကျနေသည့်ကောင်လေးအတွက် တသက်တာတည်မြဲအောင်ကြိုးစားမည့်ကတိစကားတစ်ခွန်းပင်ဖြစ်သည်။
ဒိုယောင်းနှင့်အတူတိုကျိုတွင်ပြန်လည်ကာအခြေချနိုင်ဖို့အတွက် ထယ်ယုံးတစ်ယောက်တည်း လအတော်ကြာစီစဉ်ခဲ့ရပြီးချိန်တွင် စတင်တွေ့ဆုံရမည့်ကံကြမ္မာအားဖန်တီးပေးခဲ့လေသည့် ဆာကူရာမြေထက်သို့ပြန်လည်ခြေချနိုင်ခဲ့ပြီဖြစ်သည်။
ESTÁS LEYENDO
7days Memories ( Completed)