မင်းကိုရည်ညွှန်းတဲ့အမည်နာမလေးတစ်ခွန်းကိုကြားရုံနဲ့တင် ကိုယ့်နှလုံးသားတစ်ခုလုံးနွေးထွေးပါတယ်။...................
ဒိုယောင်းကလူစိမ်းတွေနဲ့ပတ်သတ်ရမှာကိုကြောက်တတ်ပြီး ရင်းနှီးလွယ်ဖို့လဲခက်ခဲတတ်တဲ့သူတစ်ယောက်ပေမယ့်
ထယ်ယုံးနဲ့တော့ရင်းနှီးလွယ်တာမြန်လွန်းသည်။
သုံးလကျော်အတွင်းမှာတင် သိသိသာသာထယ်ယုံးအပေါ်ကိုရင်းနှီးလာတဲ့ဒိုယောင်းက သူ့ရင်ထဲကခံစားရသမျှကိုပါ
ပေါ့ပေါ့ပါးပါးနဲ့ထယ်ယုံးရှေ့ထုတ်ပြောရဲတဲ့အထိ ဖွင့်ချပြတတ်လာတယ်။ဝမ်းနည်းအားငယ်စိတ်တွေဝင်တဲ့အချိန်တွေတိုင်းမှာ
တစ်ယောက်တည်းအခန်းမှောင်မှောင်ထဲမှာထိုင်ငိုနေတတ်တဲ့ ကင်ဒိုယောင်းဆိုတဲ့ဖြစ်တည်မူက ထယ်ယုံးနဲ့ဆုံခဲ့တဲ့သုံးလကျော်အတွင်းမှာပဲ ပြန်ရှာလို့မရတော့လောက်အောင်ကိုပျောက်ကွယ်လို့သွားသည်။အဲ့လိုဝမ်းနည်းနေချိန်တွေမှာ ထယ်ယုံးဆီဖုန်းခေါ်ရမယ်ဆိုတဲ့ noteအပြာရောင်စာရွက်လေးကို ကုတင်ခေါင်းရင်းနံရံမှာမှင်အနက်ရောင်လေးနဲ့သေချာမှတ်လို့ဒိုယောင်းကကပ်ထားသည်။အပြာရောင်noteစာရွက်ကလေးပေါ်မှာ မှင်နက်နက်လေးနဲ့ရေးခြစ်ထားရင် ဒါကဒိုယောင်းအတွက်အရေးကြီးတဲ့noteတစ်ခုပင်။
ဖုန်းနံပါတ်ပိုင်ရှင်လေးကိုမေ့ပျောက်နေ့သည့်တိုင်
သေချာပေါက်ဆက်သွယ်ရမယ့်သူမှန်း ဒိုယောင်းခံစားမိတာမို့
noteပေါ်ကအမည်နာမလေးတစ်ခုကိုခပ်တိုးတိုးရေရွတ်ခေါ်ရင်း တစ်ဖက်ကတုံ့ပြန်သံလေးကိုနားစွင့်နေတတ်သည်။
"ကိုယ့်ဒိုယောင်းဂီကဝမ်းနည်းနေပြန်ပြီထင်တယ်ဟုတ်လား"
ဆိုတဲ့တုံ့ပြန်သံခပ်တိုးတိုးလေးကိုနားစွံ့မိတိုင်းအားငယ်စိတ်တွေကအလိုလိုလျော့နည်းသွားသည်အထိ လေလှိုင်းကတဆင့်ပျံ့လွင့်လာတဲ့ထယ်ယုံးရဲ့စကားသံတွေကသက်တောင့်သက်သာဖြစ်စေသည်။
စိတ်ထဲခံစားရတဲ့အတိုင်းရင်ဖွင့်ချမိတဲ့အခါ အပြစ်တင်ငြီးငြူချင်းမရှိပဲ စိတ်ရှည်လက်ရှည်နားထောင်ရင်းနှင့်သိမ့်ပေးတတ်တဲ့ ထယ်ယုံးရဲ့နွေးထွေးမူအပြည့်ပါတဲ့စကားသံလေးတွေကဒိုယောင်းရဲ့နှလုံးသားတွေထဲထိအောင်နွေးထွေးလွန်းတာမို့ သဘောကျသည်။
KAMU SEDANG MEMBACA
7days Memories ( Completed)