မနက်ခင်းရဲ့နေရောင်ခြည်တွေက ဒီနေ့မှာလဲ နွေးထွေးစွာပဲ
တိုကျိုမြို့တစ်ခုလုံးကို လွှမ်းခြုံလို့ထားသည်။
လမ်းမတစ်လျှောက် ပျားပန်းခတ်မျှသွားလာနေတဲ့လူတွေနဲ့ တိုကျိုမြို့ရဲ့မနက်ခင်းက စည်းကားနေလို့နေတယ်။ရုံးတက်ချိန် ကျောင်းတက်ချိန်ဖြစ်တာမို့ တိုကျိုမြို့ရဲ့
မနက်ခင်းဘူတာရုံဟာလဲ အသက်ဝင်လှုပ်ရှားမူတွေနဲ့
ပြည့်နှက်လို့နေသည်။
့ပြည့်ကျပ်နေတဲ့လူတန်းကြီးကြားတိုးဝင်လို့
မနက်8နာရီခွဲဆိုက်ရောက်လာမယ့်ရထားကို ထယ်ယုံးစောင့်နေလိုက်တယ်။ရထားစိုက်ရောက်လာဖို့အတွက်က 7minလောက်လိုသေးတာမို့ music appထဲကိုဝင်ပြီးfav listရဲ့ထိပ်ဆုံးမှာရှိတဲ့justin bieberရဲ့Love yourselfသီချင်းကိုခပ်ကျယ်ကျယ်ဖြစ်အောင်volume မြှင့်တင်လိုက်တယ်။
ဂျပန်ကိုပညာတော်သင်ကိစ္စအတွက်ရောက်ခဲ့တာဆိုပေမယ့် သူငယ်ငယ်တည်းကတိုကျိုမြို့လေးကိုအရမ်းသဘောကျပြီးနှစ်သက်ခဲ့တာမို့ တိုကျိူတက္ကသိုလ်ကိုစကော်လာလျှောက်ဖြစ်ခဲ့တာဖြစ်သည်။
မိဘဆီကကျောင်းစရိတ်တွေမုန့်ဖိုးတွေကိုလက်ဖြန့်တောင်းရင်းအပူပင်ကင်းကင်းနဲ့ကျောင်းတက်နေရတဲ့ သာမန်ကျောင်းသားတစ်ယောက်မဟုတ်တဲ့အတွက် ထယ်ယုံးရဲ့နေ့စဉ်ဘဝကထင်သလောက် လွယ်ကူပြီးရိုးရှင်းမူမရှိခဲ့ပေ။
တက်ချင်တဲ့တိုကျိုတက္ကသိုလ်ကိုရောက်ဖို့အတွက်တောင်
စာကြိုးစားပြီး ပညာသင်စရိတ်အတွက် မပူပင်ရအောင်
စကော်လာရအောင်ဖြေခဲ့ရတယ်။100% စကော်လာကျောင်းသားတစ်ယောက်ဖြစ်တာမို့
ကျောင်းပညာသင်စရိတ်တွေအတွက်တော့ စိတ်မပူရပေမယ့်
နေ့စဉ်စားသောက်ဖို့အတွက်ကတော့ ကျောင်းချိန်တွေမရှိတဲ့ ညနေပိုင်းအချိန်တွေနဲ့ပိတ်ရက်တွေမှာ အချိန်ပိုင်းအလုပ်လုပ်ရင်း နေ့စဉ်ဘဝအတွက်ရုန်းကန်နေရတယ်။နေတာကတော့ အချိန်ပိုင်းအလုပ်လုပ်တဲ့ကော်ဖီဆိုင်ပိုင်ရှင်က
ပေးတဲ့အဆောင်မှာပဲနေဖြစ်တာမို့အိပ်ဖို့တစ်နေရာအတွက်လဲ
မပူပင်ရတာမို့တော်သေးသည်။
BINABASA MO ANG
7days Memories ( Completed)