Part 5

463 69 8
                                    


လမ်းမီးဝါကျဉ်ကျဉ်ကလေးတွေရဲ့အလင်းဆောင်မူကြောင့်
လှေကားထစ်ကလေးပေါင်းများစွာနဲ့ အလှဆင်လို့ထားတဲ့
မကျဉ်းလွန်းမကျယ်လွန်းသော လမ်းသွယ်လေးတစ်လျှောက်ကိုရှင်းလင်းစွာမြင်ရသည်။

ခပ်စိပ်စိပ်လှေကားထစ်ကလေးတွေကိုနင်းဖြတ်ပြီး
မျက်နှာထားခပ်တည်တည်နဲ့လျှောက်လှမ်းလို့လာတဲ့
ကောင်လေးရဲ့နောက်ကနေ စိတ်လှုပ်ရှားမူများဖြင့်ပြည့်နှက်နေသောမျက်ဝန်းတစ်စုံနဲ့ကောင်လေးတစ်ယောက်က
ငြိမ်ငြိမ်သက်သက်လိုက်ပါလို့လာတယ်။
ညပုရစ်ကောင်များရဲ့အော်သံများကလွဲရင်
ပတ်ဝန်းကျင်တစ်ခုလုံးကပကတိတိတ်ဆိတ်လို့နေသည်။

ညလေပြေအေးအေးတွေတိုက်ခတ်မူကြောင့်
ထယ်ယုံးရဲ့အညိုရောင်ဆံနွယ်စလေးတွေကလေနဲ့
အတူမြောလွှင့်ရင်းလှုပ်ခတ်လို့နေသည်။

လှေကားထစ်ပေါင်းများစွာကို တက်လှမ်းလို့အပြီးမှာ
ဟယ်ချန်းရဲ့ခြေလှမ်းတွေရပ်တန့်လို့သွားသည်။
ဟယ်ချန်းကရုတ်တရက်ရပ်တန့်သွားသည်မို့
ထယ်ယုံးကရှေ့ဆက်လှမ်းဖို့ပြင်နေတဲ့ခြေလှမ်းတွေကို
ပြန်ရုတ်ရင်း ရုတ်ချည်းရပ်တန့်လိုက်တာမို့
ဟန်ချက်ပျက်မလိုဖြစ်သွားတဲ့ခန္ဓာကိုယ်ကို
ခပ်မြန်မြန်ပဲထိန်းမတ်လိုက်သည်။

ပတ်ဝန်းကျင်ကို ထယ်ယုံးမျက်လုံးတစ်ချက်ဝေ့ကြည့်လိုက်တော့ခြံစည်းရိုးရိုးဖြူဖြူလေးတွေနဲ့ကာရံလို့ထားတဲ့ နှစ်ထပ်အိမ်တစ်အိမ်ရဲ့အရှေ့ပင်ဖြစ်သည်။

"ဒါကျွန်တော်တို့အိမ် "

"အော်.."

ဟယ်ချန်းစကားကြောင့် ခြံဝင်းထဲကို
ထယ်ယုံးမျက်လုံးဝေ့ကြည့်မိလိုက်သည်။

ခြံဝင်းတစ်ခုလုံးကအမှောင်ရိပ်တွေသာစိုးမိုးလို့ထားသည်မို့
ထယ်ယုံးအတွေးထဲစဉ်းစားရနည်းနည်းခက်သွားသည်။
သူပြောတော့ဒိုယောင်းကအိမ်ထဲမှာ တစ်ယောက်တည်းကျန်နေခဲ့တယ်လို့သေချာပေါက်ပြောခဲ့တာပါ။
ဒိုယောင်းက အိမ်ထဲမှာရှိနေရက်သားနဲ့ ဒီလိုအမှောင်ကြီးထဲ တစ်ယောက်တည်းညနက်တဲ့အထိတောင်နေနေတာလား။
အိမ်မီးတွေကိုဘာလို့မထွန်းတာလဲ။

7days Memories ( Completed)Donde viven las historias. Descúbrelo ahora