Part 4

474 73 11
                                    

နေ့သစ်တွေကိုသဘောကျပေမယ့် မှတ်ဥာဏ်သစ်တွေကိုတော့ ကျွန်တော်မုန်းတယ်။

....................

စာကြည့်တိုက်ကနေပြန်လာပြီးတဲ့နေ့ကတည်းက
ဒိုယောင်းအခန်းထဲကမထွက်တော့တာ သုံးရက်ရှိပြီဖြစ်သည်။
အခန်းတံခါးဝလေးကနေ ချောင်းကြည့်နေတဲ့
ဟယ်ချန်းကတော့ ကုတင်ပေါ်မှာဒူးလေးနှစ်ချောင်းပိုက်လို့
ငြိမ်ငြိမ်သက်သက်လေးထိုင်နေတဲ့
ဒိုယောင်းကိုကြည့်ပြီးသက်ပြင်းတွေချနေမိတာ
အကြိမ်အရေအတွက်မမှတ်မိတော့လောက်အောင်ပင်။

ဒိုယောင်းအခုလိုဘာကြောင့်ဖြစ်နေတာလဲဆိုတဲ့အကြောင်းပြချက်ကို ဟယ်ချန်းမသိပေမယ့် ဘာဖြစ်လို့အခုလိုပုံစံဖြစ်နေရတာလဲဆိုတာတော့ဟယ်ချန်းခန့်မှန်းလို့ရသည်။
ဒိုယောင်းက စိတ်အားငယ်ချိန်နဲ့အထီးကျန်တယ်လို့စိတ်ထဲပြင်းပြင်းထန်ထန်ခံစားရတဲ့အခါတိုင်းမှာ ဒီလိုမျိုး အခန်းကျဉ်းလေးထဲတစ်ယောက်တည်းထိုင်ပြီး တိတ်ဆိတ်နေတတ်သည်။

ဒိုယောင်းအဲ့လိုမျိူးတိတ်ဆိတ်ပြီးမနေတော့တာ
လွန်ခဲ့တဲ့3နှစ်ကျော်လောက်တည်းကဖြစ်သည်။
ဒါပေမယ့် စာကြည့်တိုက်ကနေပြန်လာပြီးတဲ့နေ့ကတည်းက အရင်တုန်းကဖြစ်ခဲ့သလိုမျိူး ရုတ်တရက်ကြီး ပြန်တိတ်ဆိတ်သွားပြန်တယ်။

ဘာမေးမေးမဖြေပဲအခန်းထဲပဲအောင်းနေလို့
ဟယ်ချန်းမှာအခန်းထဲထိစားစရာတွေယူသွားပေးရသည်အထိပင်။ ချော့မော့ပြီး အတင်းခွံ့ကျွေးတော့မှ တစ်လုပ်နှစ်လုပ်လောက်ပဲဝင်အောင် စားတဲ့ဒိုယောင်းက သုံးရက်အတွင်းမှာပဲ မျက်နှာလေးကသိသိသာသာချောင်ကျလို့သွားသည်။
တစ်ခါတစ်လေ သူ့အတွေးတွေထဲတအားဝမ်းနည်းနေတယ်ထင်ပါရဲ့ဒိုယောင်းကမျက်ရည်တွေကျနေတတ်ပြန်တယ်။

အပြင်ထွက်ပြီးဘာတွေများဖြစ်လာလို့လဲအစ်ကိုရယ်
လမ်းသွားရင်းနဲ့များရင်းနှီးတဲ့လူတွေကိုထပ်တွေ့လာလို့များလား။ တစ်ခုခုဖြစ်ခဲ့တယ်ဆိုလဲ ဖွင့်ပြောပြမှပေါ့။
အဲ့လိုကြီးပြန်တိတ်ဆိတ်သွားတော့အစ်ကို့ရင်ထဲကခံစားနေရတာတွေကို ကျွန်တော့ကဘယ်လိုလုပ်သိပါ့မလဲ။

7days Memories ( Completed)Tempat cerita menjadi hidup. Temukan sekarang