မဟူရာအသွင်လွှမ်းခြုံလို့ထားတဲ့
ညနက်ရဲ့ကောင်းကင်ရိပ်အောက်က
အေးစက်စက်လေထုကြားထဲကိုတိုးဝှေ့လို့နေရသည်တိုင်
ချစ်ရသူရဲ့လက်ကိုဆုပ်ကိုင်လို့အိမ်ပြန်လမ်းကို
စတင်ရသောခြေလှမ်းတွေတိုင်းမှာတော့
ထွေးပွေ့ထားသယောင် နွေးထွေးလို့နေလေရဲ့...။
..............................................မဝံ့ရဲသောမျက်ဝန်းတွေနဲ့အတူ နွေးထွေးလွန်းတဲ့
ထယ်ယုံးရဲ့လက်ဖဝါးပြင်ကို ခပ်တင်းတင်းဆုပ်ကိုင်လို့
ခေါင်းကိုငိုက်ကာလိုက်ပါလာသောဒိုယောင်းရဲ့
ခြေလှမ်းတွေက ထယ်ယုံးနဲ့အတူအိမ်ပြန်လမ်းသို့
ဦးတည်လာသည်။
တစ်နည်းအားဖြင့် ထယ်ယုံးရဲ့အိမ်သို့ပြန်သော
လမ်းပင်ဖြစ်သည်။အေးစက်နေတဲ့ဒိုယောင်းရဲ့လက်ကလေးကို
ထယ်ယုံးက အားပေးသယောင်ခပ်တင်းတင်း
ဆုပ်ကိုင်ထားရင်း မဝံ့ရဲသောဒိုယောင်းဂီရဲ့
မျက်ဝန်းအိမ်ကလေးကို ဆွေးမြေ့မြေ့ငေးကြည့်ရင်း
ခပ်ယဲ့ယဲ့အပြုံးလေးကိုပန်ဆင်ပြလာလေရဲ့။"ကိုယ်နဲ့လိုက်ခဲ့မှာမလား "
"အင်း"
ခပ်ဖြေးဖြေးငြိမ့်ပြလာသောဒိုယောင်းဂီရဲ့
ခေါင်းလုံးလုံးလေးဆီကလှုပ်ရှားမူများ
ရပ်တန့်လို့သွားတဲ့အခါ ညလေအေးကြောင့်
အေးစက်နေတဲ့ခြံစည်းရိုးသံဗန်းတံခါးကို တွန်းဖွင့်လို့
ဒိုယောင်းဂီလက်ကိုဆွဲကာအိမ်တံခါးမကြီးရှိရာဆီကို
ထယ်ယုံးရဲ့ခြေလှမ်းများကဦးတည်သည်။ဒိုယောင်းဂီမလိုက်ချင်ဘူးဆိုရင်သေချာပေါက်
ထယ်ယုံးကဒိုယောင်းလက်ကိုဆွဲကာ
အိမ်ရှေ့ထိတိုင် လိုက်ပို့ပေးမိမှာပေမယ့်
ထယ်ယုံးနဲ့အတူလိုက်ခဲ့ချင်တယ်ကျွန်တော့ကို
နှင်မလွှတ်လို့ရမလားဆိုတဲ့တောင်းဆိုစကားလေးရဲ့
အဆုံးသတ်မှာ အိမ်ပြန်လမ်းကိုလက်ဆွဲလို့
ခေါ်လာခဲ့မိတော့တာပါပဲ။ညနက်ချိန်ကြီးကြမှ သူ့ဆီကိုပြေးလာတဲ့
ဒီကောင်လေးက သိပ်ကိုဆိုးလွန်းတယ်လို့
ထယ်ယုံးရဲ့စိတ်ထဲမှတ်ချက်ချလိုက်မိတယ်။
ဟုတ်တယ် ဒိုယောင်းဂီကတအားဆိုးလွန်းတယ်။ညသန်းခေါင်ချိန်မှ အိမ်ကိုပြန်ရောက်လာတဲ့
ထယ်ယုံးကို ရင်တမမနဲ့စောင့်နေရင်းပူပန်နေတဲ့
ထယ်ယုံးရဲ့မေမေက ထယ်ယုံးကိုမြင်တဲ့အခါ
အားရဝမ်းသာဖြင့် အနားကိုပြေးလို့ရောက်လာသည်။
ဘေးနားက ဒိုယောင်းကိုတော့သတိမထားသေးဘူး
ထင်ပါရဲ့ ထယ်ယုံးရဲ့ညာဘက်ကလေးကို
ပြေးလို့ခပ်ဖွဖွဆုပ်ကိုင်လာတယ်။
YOU ARE READING
7days Memories ( Completed)