Part 15

417 48 9
                                    

8month later......

နံနက်ခင်း၏ရောင်ခြည်ဝါများသည် ထူထပ်နေသည့်တိမ်တိုက်များပင်ပကတိကင်းစင်၍ ကြည်လင်နေသည့်
ကောင်းကင်ထက်မှထိုးဖောက်ကာ မြေပြင်ပေါ်သို့သက်ဆင်းကာကျရောက်လာလေသည်။

ဆေးအဖြူရောင်များသုတ်ခြယ်လို့ထားသည့် နှစ်ထပ်အိမ်လေး၏အရှေ့ဘက်ခြံဝန်းထဲတွင်ပန်းရောင်စုံလေးများမှာ
ပွင့်လန်းကာဝေဆာလို့နေပြီး ခပ်သွဲ့သွဲ့တိုက်ခတ်နေသော
လေပြေများ၏အဝေ့တွင်ပန်းပင်များအား တယုတယဖြင့်
ရေလောင်းနေသည့် ဟူဒီအပြာရောင်လေးနှင့်ကောင်လေး၏ ဆံနွယ်စများက ဝဲလွင့်ကာနေလေသည်။

တိတ်ဆိတ်အေးချမ်းကာနေလေသည့်ပတ်ဝန်းကျင်နှင့်အတူ
ဒိုယောင်း၏နှူတ်ခမ်းလွှာထက်မှဖြစ်ပေါ်နေသည့်အပြုံးရိပ်လေးသည်လည်း ငေးမောချင်စဖွယ်ကောင်းအောင်ပင်လှပလွန်းသည်။
ဒီလိုအပြုံးရိပ်ကလေးများ ဝေဝေဆာဆာဖြစ်ထွန်းလာရခြင်းမှာ စိတ်ရှုပ်ထွေးဖွယ်ကောင်းလွန်းလှသည့် ကုထုံးများအား
ဒိုယောင်းဘက်ကလိုလိုလားလားဖြင့် လက်လျော့ခဲ့လေသည့်အချိန်နှောင်းပိုင်းကတည်းကပင်ဖြစ်သည်။

ဒိုယောင်းကဖြတ်သန်းခဲ့သောအဖြစ်ပျက်များနှင့်အတူ
အမှတ်တရတချိူ့အားမမှတ်မိသည့်တိုင် နီးကပ်ချိန်တိုင်းတွင်
သိသိသာသာ လှူပ်ခတ်လာသောရင်ထဲမှနှလုံးခုန်သံတို့အား
မြန်ဆန်စေသည့်တစ်ဦးသောသူကြောင့်
စိတ်ဖိစီးမူများရခဲ့သည့်တိုင် ကုထုံးမျိုးစုံကိုစမ်းသပ်ကြည့်ရန်
ကြိုးစားခဲ့ကြည့်ပေမယ့် ချစ်ရသောတစ်ဦးတည်းသောသူ
ကိုယ်တိုင်ကပင် ဤကြိူးစားမူအားအဆုံးစွန်ထိတိုင်
မလိုလားခဲ့သည်ကြောင့် အဆုံးတွင်ဒိုယောင်းကပဲ
လက်လျော့ပစ်ခဲ့ရလေသည်။

"ထယ်ယုံးနဲ့ပတ်သတ်တဲ့အမှတ်တရတွေကိုကျွန်တော်က
လွယ်လွယ်ကူကူမေ့ပျောက်ပစ်ခဲ့တာလေ..ထယ်ယုံးရင်ထဲမှာ
ကျွန်တော့ကို ခံပြင်းစိတ်ဒေါသဖြစ်စိတ်နည်းနည်းလေးတောင် ဘာလို့မဖြစ်ရတာလဲ "

"........ "

" ကျွန်တော်လက်လျော့ချင်နေရင်တောင် မေ့ပျောက်ခံရတာကနာကျင်လွန်းတာထက်ပိုပြီး ဆိုးဝါးလွန်းတာကြောင့်မလို့
ကျွန်တော့ကိုလက်မလျော့ဖို့ ထယ်ယုံးကပိုပြီးတော့တောင်
တွန်းအားပေးရမှာလေ ..ဘာလို့တစ်ချိန်လုံးတားချင်နေရတာလဲဆိုတာကို တကယ်နားမလည်ဘူး "
ဆိုသည့်မေးခွန်းများစွာနှင့်ပြည့်နှက်နေသည့်စကားလုံးများအား ဒိုယောင်း၏နှုတ်ဖျားမှထုတ်ကာမေးလာခဲ့သည့်
အချိန်တွင် ထယ်ယုံးကမျက်ရည်စများရစ်ဝဲကာနေလေသည့် မျက်ဝန်းအိမ်များနှင့်အတူ ဒိုယောင်းအားငေးကြည့်ရင်းပြူံးရယ်နေခဲ့သည်။

7days Memories ( Completed)Donde viven las historias. Descúbrelo ahora