Part 7

406 62 7
                                    

ဒိုယောင်းဂီရဲ့အပြုံးတွင် ကျွန်တော့ကမ္ဘာကြီးတစ်ခုလုံးဖြစ်တည်သည်။

..........

ဆာကူရာပွင့်ချပ်တွေနဲ့လွှမ်းခြုံလို့ထားတဲ့လမ်းတစ်လျှောက်
လေပြေညင်းများက ခပ်အေးအေးတိုက်ခတ်လို့နေသည်။

လေပြေနဲ့အတူဝဲလွင့်နေတဲ့ဆာကူရာပွင့်ချပ်တွေကြားပြေးလွှားရင်း ရယ်မောလို့နေတဲ့ဒိုယောင်းဂီရဲ့ရယ်သံလွင်လွင်လေးကဆည်းလည်းသံလေးတစ်ခုလိုဆာကူရာပင်တန်းတစ်လျှောက်ပျံ့လွင့်လို့နေသည်။

နွေဦးဧပရယ်ရဲ့ဆာကူရာပွင့်ချပ်တွေက ဒိုယောင်းဂီရဲ့ရယ်မောခြင်းတွေနဲ့ဖြည့်စွက်လိုက်တော့မှပဲထယ်ယုံးအတွက်သိပ်ကိုပြီးပြည့်စုံလွန်းတဲ့ နွေဦးရဲ့လှပတဲ့နေ့ရက်တွေပါပဲ။

ဒိုယောင်းဂီကပြုံးရယ်နေတဲ့အချိန်ဆို ထယ်ယုံးမျက်လုံးထဲမှာအတောက်ပဆုံးပဲ။ဒိုယောင်းသာအမြဲတမ်းဒီလိုလေး ရယ်မောနိုင်မယ်ဆို ထယ်ယုံးဘာပဲလုပ်ရလုပ်ရ ဒိုယောင်းပျော်ရွှင်ရဖို့အတွက် အခွင့်ရှိမယ်ဆိုဘာမဆိုဖန်တီးပေးချင်ပါတယ် ။

ဒိုယောင်းရဲ့ပျော်ရွှင်ခြင်းဖြစ်တည်ရာက ထယ်ယုံးဖြစ်ခွင့်ရမယ်ဆိုရင်ပေါ့။

ဆာကူရာပင်တန်းတစ်လျှောက်ပြေးလွှားနေတဲ့ကောင်လေးကို မြတ်နိုးခြင်းတွေသာဖြစ်တည်တဲ့ မျက်ဝန်းကြည်ကြည်လေးတွေနဲ့ကောင်လေးတစ်ယောက်ကတခုတ်တရငေးမောလို့ကြည့်နေလေရဲ့။

"ထယ်ယုံးရား...မြန်မြန်လာ "

ဆာကူရာပွင့်ချပ်တွေကြားပြေးလွှားလို့ကလေးတစ်ယောက်လိုဆော့ကစားနေတဲ့ ဒိုယောင်းက သူ့ကိုငြိမ်ငြိမ်လေးရပ်ကြည့်ပြီးသဘောတကျဖြစ်နေတဲ့ ထယ်ယုံးကိုလဲ လက်ကလေးကိုဝှေ့ယမ်းလို့လှမ်းခေါ်သေးသည်။

ထယ်ယုံးကလက်ကိုမြှောက်လို့ပြန်ဝှေ့ယမ်းပြလိုက်တော့
ဒိုယောင်းကထယ်ယုံးသိပ်သဘောကျတဲ့အပြုံးတွေကို
နှုတ်ခမ်းပါးထက်ဖြစ်တည်လို့ မျက်ဝန်းအိမ်လေးတွေမှေးကျတဲ့ထိပြုံးရယ်ပြလာတယ်။

"ထယ်ယုံး ငါ့ကိုလိုက်ဖမ်းမလား ! "

ဒိုယောင်းကခပ်ဝေးဝေးကိုပြေးထွက်လို့သွားတာမို့
အသံကိုမြှင့်လို့ ထယ်ယုံးလှမ်းအော်ရသေးသည် ။

7days Memories ( Completed)Tempat cerita menjadi hidup. Temukan sekarang