Part 10

379 59 5
                                        

မိုးရိပ်တွေကအုပ်မိုင်းလို့ ကောင်းကင်တစ်ခွင်ကို
ခပ်မှိုင်မှိုင်ရီဝေလို့နေစေသည်။
ဟိုင်းဝေးလမ်းရှည်ကြီးထက် ထယ်ယုံးတစ်ယောက်တည်း
လမ်းလျှောက်နေခဲ့တာ အချိန်တော်တန်ကြာပြီဖြစ်ပေမယ့်
ဦးတည်ချက်ဟူ၍ရှာမတွေ့ပဲ လမ်းပျောက်သလို
ခံစားနေရသည်။
ရှေ့ဆက်တိုးနေမိတဲ့ခြေလှမ်းတွေက ထယ်ယုံးအတွက်
အဓိပ္ပါယ်မရှိမှန်းသိပေမယ့် ဒီခြေလှမ်းတွေကိုပဲ
အထပ်ထပ်လှမ်းစေရင်း ထယ်ယုံးကရှေ့ဆက်မိနေတုန်းပဲ။

မျက်စိတဆုံးမြင်နေရတဲ့ မပြီးဆုံးနိုင်တဲ့အဆုံးအစမဲ့
ဒီလမ်းမရှည်ကြီးထက်ကို
သူလျှောက်လှမ်းနေရတဲ့ အကြောင်းပြချက်က
ဘာများဖြစ်နိုင်ပါ့မလဲ။
ဦးတည်ချက်မရှိတဲ့ အဓိပ္ပါယ်မဲ့ခြေလှမ်းတွေကို
ရပ်တန့်ဖို့အတွက်ထယ်ယုံးကကိုယ့်ကိုယ်ကို
သတိအထပ်ထပ်ပေးဖို့အတွက်ကြိူးစားပေမယ့်
အချည်းနှီးသက်သက်သာဖြစ်နေသည်။
အသိစိတ်ကိုကိုယ်တိုင်ထိန်းချုပ်လို့မရပဲ
စေခိုင်းခံနေရသလို ခံစားချက်ကြီးက ထယ်ယုံးရဲ့
ရပ်ဝန်းကို လွှမ်းခြုံကာရစ်နွယ်လို့နေသည်။

"ထယ်ယုံးရား!!! ''

မပြီးဆုံးနိုင်လောက်အောင်ရှည်လျားလွန်းတဲ့
မှောင်ရီမဲရိပ်တွေသာလွှမ်းခြုံလို့နေတဲ့
ဒီလမ်းရှည်ကြီးထက်ကခေါ်သံတစ်ခုကထယ်ယုံးရဲ့
နားစည်အတွင်းကိုအထပ်ထပ်ပဲ့တင်ကာ
ရိုက်ခတ်လို့လာသည်။
ကျောက်ဆောင်ကျောက်သားတွေအတွင်းက
အော်ခေါ်သံနည်းတူ ပဲ့တင်ထပ်ပေါ်လာတဲ့
ဒီအသံရဲ့ပိုင်ရှင်လေးကတော့
ထယ်ယုံးရဲ့မြင်ကွင်းထဲကိုတော့ပေါ်မလာခဲ့ပေ။
ထယ်ယုံးခေါင်းကိုချာချာလည်အောင်
လှည့်ပတ်လို့ရှာကြည့်ခဲ့ပေမယ့်
ပုံရိပ်လေးတစ်ခုကတောင် ထယ်ယုံးအမြင်အာရုံထဲကို
ထင်ဟပ်ထွက်ပေါ်လာခြင်းမျိူးရှိမနေခဲ့ချေ။

"တစ်ယောက်ယောက်များရှိနေလား!!
ဘယ်မှာလဲ "

အထီးကျန်ဆန်လွန်းတဲ့ဒီရပ်ဝန်းကြီးထဲက
ထယ်ယုံးမြန်မြန်ရုန်းထွက်ပစ်ချင်ပေမယ့်
ုရုန်းထွက်စရာလမ်းစရှာမရပဲ တစ်ယောက်တည်း
ဦးတည်ရာမဲ့လျှောက်လှမ်းနေရတုန်းပင်။
ဒီလိုဝမ်းနည်းစရာကောင်းလွန်းတဲ့ရပ်ဝန်းကြီးထဲ
သူအပြင်နောက်တစ်ယောက်များ
ထပ်ရှိနေသေးသလားဆိုတဲ့
သိချင်စိတ်ကြောင့်ခေါင်းချာချာလည်အောင်
လိုက်ရှာမိသည့်တိုင် ပုံရိပ်ကလေးတစ်ခုကတောင်
ထယ်ယုံးရဲ့အမြင်အာရုံတွေထဲ
ထင်ဟပ်လို့ထွက်ပေါ်မလာခဲ့။

7days Memories ( Completed)Where stories live. Discover now