Part 8

354 60 5
                                    

လူရှင်းပြီးတိတ်ဆိတ်လို့နေသောကော်ဖီဆိုင်လေးအတွင်း
သီချင်းသံစဉ်လေးတွေကလေထုမှတစ်ဆင့်ခပ်တိုးတိုးပျံ့လွင့်လို့နေသည်။လူအဝင်အထွက်မရှိတာကြောင့် ဆိုင်မှန်တံခါးရှေ့ကခေါင်းလောင်းလေးရဲ့ဆည်းလည်းသံလေးတွေကတော့ တိတ်ဆိတ်လို့နေသည်။
ကော်ဖီဆိုင်လေးအတွင်းပျံ့လွင့်နေသောသီချင်းသံစဉ်လေးတွေလိုပဲ ထယ်ယုံးရဲ့စိတ်တွေကလဲပျံလွင့်လို့နေသည်။

စိတ်နဲ့ကိုယ်နဲ့မကပ်တဲ့ထယ်ယုံးက တနေကုန်အဆင်မပြေမူတွေကြား လုံးလည်လိုက်ရင်း ပင်ပန်းရှုပ်ထွေးလို့နေတဲ့နေ့ရက်တွေကို ကြိုးစားလို့ဖြတ်သန်းနေရသည်။

အလုပ်မှာလဲ အမှာစာတွေကိုမှားပြီးရိုက်မိလို့ပြသနာတက်ရတာတွေ ၊ ကျောင်းဆိုတော့လဲကျောင်းမလို့အမျိူးမျိူးအကုန်လွဲချော်နေတာမို့ အဆင်မပြေမူတွေကထယ်ယုံးရဲ့စိတ်တွေကိုမွန်းကြပ်လာစေသည်။

လွန်ခဲ့အပတ်ကဆိုင်ကိုလာတဲ့ထယ်ယုံးရဲ့ပုံစံက
အခုပုံစံနဲ့လုံးလုံးလျားလျားကွာခြားလို့နေတာကြောင့်
ဆိုင်ရှင်ကထယ်ယုံးကို တညနေလုံးအကဲခတ်ကြည့်နေပေမယ့် အဖြေရှာမရပေ။
ကိစ္စတစ်ခုခုဖြစ်ရင်တောင် တော်ရုံထုတ်မပြောတတ်ပဲဖုံးကွယ်ထားတတ်တဲ့ထယ်ယုံးရဲ့ စိတ်ကိုကိုယ့်ရဲ့အတွေးတစ်ခုတည်းနဲ့ခန့်မှန်းကြည့်ရုံလောက်ဖြင့်သိနိုင်မှာမဟုတ်တာမို့
အကြောင်းအရင်းကိုသိရလိုသိရငြား တီးခေါက်ကြည့်ရန်
ခပ်မြန်မြန်ပဲကောင်တာနားကို ချဉ်းကပ်လို့လာလိုက်သည်။

"ထယ်ယုံးရား.."

ကောင်တာနားရပ်ကာခေါ်နေသော ဆိုင်ရှင်ရဲ့ခေါ်သံခပ်တိုးတိုးကထယ်ယုံးရဲ့အတွေးတွေကိုဖြတ်တောက်ပစ်ဖို့လောက်ထိတော့ လွှမ်းမိုးနိုင်ခြင်းမရှိပေ။

ပတ်ဝန်းကျင်ရဲ့လှုပ်ရှားသံတွေအားလုံးကိုမေ့လျော့နေသလားတောင်ထင်ရတဲ့ ထယ်ယုံးကကော်ဖီဆိုင်မှန်တံခါးချပ်တွေရဲ့အပြင်ဘက်ကိုသာငေးကြည့်ရင်း ဖြတ်သန်းသွားလာနေတဲ့သူတွေကို မလှုပ်မယက်ငေးကြည့်လို့နေသည်။

ငေးကြည့်နေတဲ့ထယ်ယုံးရဲ့မျက်ဝန်းအညိုရောင်လေးတွေက အဓိပ္ပါယ်မဲ့နေသယောင်။ဦးတည်ချက်ဟူ၍မရှိပဲဗလာကျင်းနေသော ခပ်မှိုင်မှိုင်မျက်ဝန်းညိုညိုများကဆွေ့မြေ့လို့နေသည်။

7days Memories ( Completed)Tempat cerita menjadi hidup. Temukan sekarang