"love has no gender" အချစ် မှာ လိင် သတ်မှတ်ခြင်းတွေ မရှိဘူး ဆိုတဲ့ ဆိုရိုးကို ကျွန်မ တို့ နိုင်ငံကြီး မှာ သိပ်လက်မခံချင်ကြဘူး။အကြောင်းကတော့ ရှင်းပါတယ်..ဗုဒ္ဓဘာသာ နိုင်ငံ ဖြစ်နေတာကတစ်ကြောင်း၊media ပိုင်းမှာ အားနည်းနေတာက တစ်ကြောင်း၊lgbt ဆိုတဲ့လူအသိုင်းဝိုင်း တစ်ခုကို လက်မခံမပေးနိုင်နေတာရယ်က တစ်ကြောင်းနဲ့ပဲ လူတွေက အချစ်ကို ထုတ်ပြလေ့မရှိဘူး။
ဒါပေမဲ့ အချစ်ကတော့ အချစ်ပါပဲလေ....
ကျွန်မ ကမြန်မာနိင်ငံမှာ မွေးပြီး အမေရိကားမှာ ကြီးပျင်းခဲ့ သူတစ်ဦးပါ။ကျောလယ်လောက်ရှိတဲ့ ဆံပင်ကို အမြဲထုံးဖွဲ့ထားပြီး ယောကျာ်းလေးဆန်ဆန် နေတတ်တဲ့ မိန်းကလေးတစ်ဦး။အလှပြင်ရတာ မကြိုက်ပေမဲ့ skincare ကတော့ အမြဲတမ်း လိုလို လုပ်ဖြစ်တယ်။မြန်မာပြည်ကနေ ၄ တန်း ကျောင်းသူ အရွယ်မှာ ထွက်သွားပြီး ဟိုမှာပဲကျောင်းဆက်တတ်ခဲ့တယ်...ဒါပေမဲ့ အသက် ၂၅နှစ်ရောက်တော့ အမိပြည်ကြီးကိုပြန်ရောက်လာခဲ့တော့တယ်လေ။မြန်မာပြည်နဲ့ တော်တော် စိမ်းနေပေမဲ့ သူမ နဲ့ တွေ့ခွင့်ရတဲ့ ထိုကော်ဖီဆိုင်လေးကတော့ ကျွန်မ အတွက် အဖိုးတန် နေရာလေးပါပဲ။
၂၀၁၉
ကျွန်မ အကြိုက်က ထူးဆန်းတော့ ဒီကော်ဖီ ဆိုင်လေးက ကျွန်မ ရဲ့ အပန်းဖြေစရာ နေရာလေး ဖြစ်နေတော့သည်။
"ညီမလေး သောက်နေကြအတိုင်းပဲလား" လို့ ကျွန်မ နဲ့ မျက်မှန်းတန်းသိနေတဲ့ ဆိုင်ရှင် လို့ မှတ်ယူ ရတဲ့ အစ်မ က လာတော့သည်။
"ဟုတ်ကဲ့.." လို့ ကျွန်မ လည်း ဖြေပြီး အနီးအနားမှာ ရှိနေတဲ့ ရေကန်ကြီးကိုပဲ ဆက်ပြီး ကြည့်နေမိတော့သည်။
ကျွန်မရဲ့ မြန်မာ နာမည်က မြူနှင်း၊ ဒါပေမဲ့ english လိုကတော့ Alyssa ပါ။ကျွန်မ က အသက် ၂၅ နှစ်အရွယ် ခေတ်လူငယ် တစ်ဦး ဖြစ်ပြီး ကျွန်မ မှာ သိပ် ချစ်ရတဲ့ သူငယ်ချင်း isabella လို့ အမည်ရှိတဲ့ အမေရိကန်သူ တစ်ဦး ရှိတယ်။ကျွန်မ က မြန်မာနိုင်ငံ မှာ ကြီးပျင်းခဲ့ပေမဲ့ ကျောင်းတတ်ခဲ့တဲ့ တောက်လျှောက်လုံး အမေရိကား မှာ ကြီးပြင်းခဲ့တော့ တစ်ခါတစ်လေ မြန်မာနိုင်ငံနှင့် သိပ်မလိုက်ဖက်ဘူး လို့ ခံစားမိတာတော့ အမှန်ပါ။ကျွန်မ မြန်မာ ပြည်ကို ပြန်ရောက်ပြီး အံဝင်ခွင်ကျ ဖြစ်တာ တစ်ခုဆိုလို့ ကျွန်မ နေတဲ့ နေရာနဲ့ သိပ်မဝေးတဲ့ နေရာမှာ ရှိတဲ့ ဒီကော်ဖီဆိုင်လေးပါ။ကော်ဖီဆိုင်ကနေ အိမ်ကိုပြန်လာတဲ့ လမ်းမှာလည်း ကျွန်မ ကို ရပ်ကွက်ထဲက လူတွေက အထူးအဆန်းနဲ့ပဲ ကြည့်နေကြတော့ ကျွန်မ အတွက် နေရထိုင်ရ ပိုခက်စေပါတယ်။