The end(zawgyi)

2.2K 97 5
                                    

"ဒီညကော် လက်ကိုင်ပြီးတော့ပဲ တစ်ညလုံး အိပ်ကြဦးမှာလား"

"ဒီညတော့ ဒီကျားက သက်သက်လွတ်မစားတော့ဘူး၊အားမာန်အပြည်နဲ့ မကို စားတော့မှာ"

"ဟားဟား..ဒီကျားပေါက်ကလေးကို ချစ်လိုက်တာနော်"

လို့ပြောရင်း ကျွန်မ ရဲ့ လက်တစ်စုံကို ကိုင်ပြီး သေချာကြည့်နေတော့တယ်။

"မ ဒီလက်ကလေးကို အကြာကြီး ကိုင်ထားလို့ရမယ်မလား"

"မ သာ စိတ်ရှိမယ်ဆိုရင်ပေါ့"

ဒီလိုနဲ့ကျွန်မ တို့နှစ်ယောက်ရဲ့ ပျော်ရွှင်စရာ နေ့ရက်တွေ ရောက်ရှိလို့လာခဲ့တယ်၊ကျွန်မ ဘဝရဲ့ အလင်းတန်းတစ်ချို့ကို သူမ က ရရှိအောင်လုပ်ပေးနိုင်ခဲ့သလို သူမ အတွက်လည်း ကျွန်မ ဟာ အဖော်မွန် ကောင်းတစ်ယောက်လို့ သူမ နှုတ်က အမြဲတဖွဖွပြောလေ့ရှိခဲ့တယ်။ညစဉ်ညတိုင်းလည်း သူမ ရဲ့ အနံ့အသက်တွေကြားထဲမှာ ကျွန်မ ပျော်မွေ့တော့တယ်၊သူမ က ကျွန်မ အပေါ် သိပ်ဂရုစိုက်ပေးတယ်..တစ်ခါတစ်ခါ မိခင်ကြီးလိုပဲ။သူမ နဲ့ အတူတူ နေခဲ့တဲ့ တစ်ပတ်ဆိုတဲ့ ကာလ က တိုလွန်းလို့ ကျွန်မ အချိန်တွေကို ဆွဲဆန့်ထားချင်လောက်အောင် စိတ်ထဲမရိုးမယွရယ်ပါ။

၂၀၁၉ ဒီဇင်ဘာ

သူမ နဲ့ကျွန်မ တွဲတာ ၈ လခန့်ကြာပြီးခဲ့ပြီး။ဒီနေ့က ၈ လပြည့်တဲ့နေ့လေးလည်း ဖြစ်တယ်...ကျွန်မ လေ သူမ ကို ပိုင်ဆိုင်ထားတယ်ဆိုတာ လူသိရှင်ကြား အရမ်းပြောပြချင်တာပဲ တကယ်ပါ၊ကျွန်မ မှာ ဒီလောက် ချစ်ဖို့ကောင်းတဲ့ ချစ်သူ လေး​ရှိပါတယ် သူမ ကို ကျွန်မဘဲပိုင်ပါတယ် ဆိုပြီး အရမ်းဝင့်ကြွားလိုက်ချင်တယ်။ဒါကြောင့် ဒီနေ့ လပြည့် အထိမ်းအမှတ် အနေနဲ့ နှစ်ယောက်သား သူမ အခန်းထဲမှာ တွေ့ပြီးနှစ်ယောက်သား ဝိုင်သောက်ရင်း ပြောမယ် လို့ တွေးထားမိတယ်။

"မ..."

"ရှင်..."

"မ ကို ပိုင်ဆိုင်နေတာကို မြူ ထုတ်ပြချင်တယ်"

သူမ ကျွန်မ စကားကြောင့် တွေးဝေသွားတော့တယ်။

"မြူ...မတို့ ချစ်တာကို မ တို့ပဲ သိတာ ပိုကောင်းတယ်လေ၊ပြီး မ အဖေ သိရင် မလွယ်ဘူး"

You've reached the end of published parts.

⏰ Last updated: Mar 07, 2022 ⏰

Add this story to your Library to get notified about new parts!

ညှို့နိုင်လွန်းတဲ့ကျွန်မ ချစ်သူWhere stories live. Discover now