နောက်တစ်နေ့ မနက် alarm ပေးထားတဲ့ ဖုန်းကြောင့် ကျွန်မ လည်း နိုးလာမိတော့တယ်။ရေချိုးခန်းထဲရောက် သွားတိုက် မျက်နှာသစ်နေရင်း ရှေ့က မှန်ကနေ ကျွန်မ တစ်ခု တွေ့လိုက်ရတယ်။ထိုအရာက ကျွန်မ လည်ပင်းက နှုတ်ခမ်းနီအရာပါ။သေချာကြည့်ရင်း ကျွန်မ ကိုယ်တိုင်လည်း အဖြေရှာမရရင်း ဖျက်လိုက်တော့တယ်။ ထိုနောက် အဖြေကို စဥ်းစားနေရင်း ကျွန်မ မနက်စာစားဖို့ အောက်ဆင်းလာတော့ သူမ ကို တွေ့လိုက်တော့တယ်။
ဒါဟာ ပြီးပြည်စုံတဲ့ မနက်ခင်းလို့ ခေါ်မလား၊ကျက်သရေ ရှိလိုက်တာဆိုတာ မိန်းမပီသတဲ့ အမျိုးသမီးတစ်ဦး ကျွန်မ သိပ်ချစ်တဲ့ အမျိူးသမီးဟာ ကျွန်မ အတွက် မနက်စာ ပြင်နေတဲ့ ဆိုတဲ့ အတွေး။
"နိုးပြီးလား မြူ..လာလေ မ ကော်ဖီနဲ့ ကိတ်နဲ့ပဲ ရှိလို့ ရှိတာလေးနဲ့ မြူ ကျေနပ်အောင် မ လုပ်ပေးထားတယ်"
ကျွန်မ ပြန်ပြောလိုက်ချင်မိတယ်။
"မ ရှိတာနဲ့တင် ပြီးပြည်စုံပါပြီး"လို့လေ၊ဒါပေမဲ့ သူမ ပြေးထွက်သွားမှာ စိုးရိမ်မိတယ်။
စားပွဲမှာ ထိုင် မုန့်စားရင်း သူမ နှုတ်ခမ်းကို ကြည့်မိတော့ ကျွန်မ မှာ ရှိခဲ့တဲ့ နှုတ်ခမ်းနီ အရောင်မဟုတ်ပေ။
"ဘာလို့ မကို ကြည့်နေတာလဲ ရှက်လာပြီး ဒီမှာ"
"sorry ပါမ...မြူ သတိထားမိလိုက်ပဲ မကို ကြည့်ပဲ နေမိတယ်"
"ဟာ...မြူ အပြောက ပို ရှက်ဖို့ကောင်းနေပြီး"
"မ မှာ နှုတ်ခမ်းနီ အရောင် ဘယ်လောက်တောင် ရှိလဲ ဟင်"
"အများကြီး ပဲ...မ က အညိုဘက်သန်းတဲ့အရောင်တွေ မြေကြီးရောင်တွေ ပိုကြိုက်တယ်"
"အနီရောင်ဘက်သန်းတဲ့ ပန်းရောင်ကော မဆိုးဘူးလား" လို့ ကျွန်မ လည်း မနက်က တွေ့ခဲ့တဲ့ နှုတ်ခမ်းနီအရောင်က မေးကြည့်လိုက်တော့ သူမ ငြိမ်ကျသွားတော့သည်။
"ဟင့်အင်း မဆိုးပါဘူး ...မဆိုးတဲ့ အပြင် မ မှာလည်း မရှိဘူးပါဘူး"
"အင်း..."
ကျွန်မ သိလိုက်ရတဲ့ တစ်ခုက သူမ လိမ်ညာတဲ့ နေရာမှာ မတော်တဲ့ ကောင်မလေးပါ။