"လာလေ..မြူ ဝင်ခဲ့ပါ အထဲမှာ ကိုက်မလားပါဘူးတော် " တဲ့ သူမ ခေါ်တဲ့ နောက်ကို မရဲ မဝင့် လိုက်တဲ့ ပုံ ဖြစ်နေတဲ့ ကျွန်မ ကို ပြောတော့တယ်။
"ဟုတ်.."
"မက ဝါသနာသာ ပါတာ သိပ်မကျွမ်းကျင်ဘူး၊သင်ဖို့လည်းအခွင့်အရေးလည်းမရခဲ့ဘူး.ဒါပေမဲ့ ဆိုင်က ကလေးတွေဆီကနေတော့လုပ်နည်းသင်ထားတယ်လေ..."
"မ.." လို့ ကျွန်မ ပထမဆုံး အကြိမ် သူမ ခေါ်စေချင်တဲ့အတိုင်းနှုတ်ကထွက်ကြလာတော့သည်။သူမမျက်နှာက အပျော်တွေကို ကျွန်မ မြင်လိုက်ရတော့တယ်။
"ရှင်.."
"မလုပ်ချင်တာ..မ ဝါသနာ ပါတာကို လုပ်ပါ၊မြူ အနောက်က ပံ့ပိုးကူညီပေးပါ့မယ်" လို့ ကျွန်မ ကိုယ်တိုင်တောင် သတိမထားမိဘဲ နှုတ်တော်က ထွက်ကြလာပြန်တော့သည်။သူမ မျက်နှာ ပြုံးသည်ထက်ပိုမို ပြုံးရွှင်လာပြီး ကျွန်မ နားသို့ လျှောက်လာတော့သည်။ထိုချိန်ကျမှ သူမ ရဲ့ ခြေလှမ်းတွေကို ကျွန်မ ရင်ခုန်သံတွေကို သူမ ကြားသွားမှာ ကြောက်သည့် အထိ ကို အထဲမှာ ရှိနေတဲ့ နှလုံးသားလေး အားကုန်အပြည့်နှင့် မောင်းနှင်နေတော့သည်။
ထိုနောက် ကျွန်မ ရှေ့တည့်တည့် ရောက်သည့် အချိန်တွင် သူမ ခြေလှမ်းတွေ ရပ်တန့် လိုက်ပြီး ကျွန်မ မျက်နှာ နားသို့ သူမ မျက်နှာလေး ကပ်လာတော့သည်။သူမ ရဲ့အကြည့်တွေကို တကယ် ကျွန်မ ရင်မဆိုင်နိုင်နေတာကြောင့် ခေါင်းကို အောက်သို့ ဆိုက်ချလိုက်သောအခါ အနောက်မှာ တင်ထားတဲ့ အေပရွန် ဆီ သူမ လက်တွေ ရောက်သွားပြီး ထိုအေပရွန်ကို ယူကာ ပြုံးစိပြုံးစိနှင့်ပြန်ထွက်သွားတော့သည်။
ထိုနောက် သူမ လည်း လုပ်စရာ ရှိတာတွေ လုပ်နေပြီး ကျွန်မကတော့ ထိုအခန်းထဲရှိ အရာများကို လိုက်ကြည့်မိနေတော့တယ်။
"မြူ..."
"အင်း"
"လာဦး မ နား" ကျွန်မ ရင်ထဲထိတ်ကနဲ ဖြစ်သွားတော့တာ အမှန်ပါ။ဒါပေမဲ့ ကျွန်မ သူမနားကို နှေးကွေးနေသော ခြေလှမ်းများနှင့် အတူ ရောက်သွားတော့သည်။
"ဘာပြောမလို့လဲ..ဟင်"
"ရော့ စတော်ဘယ်ရီသီးလေး စားကြည့်"ဟုဆိုပြီး စတော်ဘယ်ရီအား ခရင်မ် ကို တို့လိုက်ပြီး ကျွန်မ ကို ခွံ့ကျွေးနေတော့သည်။ကျွန်မ အတွက် တော့ သူမရဲ့ အပြုမှုတိုင်းက အရမ်းကို ရင်ခုန်စရာ ကောင်းနေပါတော့တယ်။