"မ...ခဏပဲစောင့် မြူလာမယ်"
"မလာပါနဲ့..."
"ဘာလို့လဲ..မ အသံနားထောင်ရတာ တစ်မျိုးပဲ၊မြူ မျက်လုံးတွေ နဲ့ မကို မြင်ပါရစေ"
"မြူ.."
"ဟုတ်"
"ဘာလို့ မ နားမှာ တွယ်ကပ်နေတာလဲ"
ထိုမေးခွန်းအတွက် အဖြေရှိပြီး သားဖြစ်တဲ့ ကျွန်မ အတွက် ဝမ်းသာစရာ။
"မကို ချစ်လို့၊နေပါဦး မရယ် မြူလာခဲ့ပါမယ်"
ကျွန်မ လည်း လျင်မြန်စွာ သူမ ရှိရာ နေရာလေးဆီသို့ ပြေးလာခဲ့မိတော့တယ်၊ထင်တဲ့အတိုင်း သူမ ကျွန်မ ထိုင်နေကြနေရာ လေးမှာ ဘီယာပုလင်းတွေ နဲ့ ထိုင်နေလေရဲ့။
"မ.."
"မြူ..."
"ဘာလို့ ဒါတွေ သောက်နေတာလဲ "
"မသောက်ပါဘူး..."
"ဟင် မ မသောက်ရင် ဘယ်သူ သောက်မှာလဲ"
"ယဥ်မွန်ကျေး..."
"ဟင်..မ ပဲ မဟုတ်ဘူးလား အဲဒါ"
"ဟီးဟီး.."
သူမကြည့်ရတာ တော်တော်ကို မူးနေပုံ။
"မ..ထနိုင်ရဲ့လား"
"အင်း..ထိုင်ပါဦး"
"ဟုတ်.."
"မြူ သောက်..."
ကျွန်မကို လည်း အတင်းတွေ ကမ်းပေးနေတော့သည်။
"နိုး ...မ ကို ထိန်းပေးရဦးမယ်လေ"
ထိုစကားကြောင့် သူမ ဟက်ဟက်ပက်ပက် ထရယ်တော့သည်။
"ဒီကလေးလေးက...ဒီကြီးကောင်ကြီးမားကြီးကို ထိန်းပေးမယ်တဲ့လား ဟားဟားဟား"
"မြူ မ ကိုတောင် ချီနိုင်တယ်"
"ဟားဟား...မြူ..မ လေ မ မြူကို မချစ်ချင်ဘူး သိလား"
"ဘာလို့လဲဟင်"
"ဒါပေမဲ့ .."
"ဘာဖြစ်လဲမ.."
"ဒါပေမဲ့..." လို့ ပြောနေရင်း မှောက်သွားတဲ့ သူမ ကို ကြည့်ရင်း ကျွန်မ သနားစိတ်ဝင်လာပြန်ပါသည်။
"မရယ်..ဘာတွေ ဘယ်လောက်တောင် ပင်ပန်းနေလို့လဲ" လို့ ကျွန်မ နှုတ်က ဖွဖွ လေး ရွတ်မိလိုက်တော့တယ်။သူမ ကို ဆွဲထူပြီး အနီးရှိ ပြေပြစ်လောက်မဲ့ ထိုင်ခုံလေးပေါ်မှာ လဲခိုင်ပြီး ကျွန်မ ပေါင်ကတော့ သူမ ရဲ့ ခေါင်းအုံလေးဖြစ်သွားခဲ့တယ်။အိပ်နေတဲ့ သူမ ကို ကြည့်ရင်း ဆံပင်လေးတွေကို သပ်ပေးမိတော့တယ်၊ထိုနောက် သေချာကြည့်ရင်း သိလိုက်ရတာက ဒီလောက် လှတဲ့ အမျိုးသမီးမျိုးကို ကျွန်မ မမြင်ဖူးခဲ့ချေ။