"ဒါဆို..ဘယ်လို ခေါ်ရမလဲ"
"မ " လို့ ပြောရင်း ပြုံးသွားတော့သည်။
"မ"
"အင်းလေ.." သူမကတော့ ဘာရယ်မဟုတ် ပြောလိုက်ပေမဲ့ ကျွန်မ နှုတ်က ထိုကဲ့သို့ ခေါ်ဖို့ တကယ်ကို မရဲနေတာ အမှန်ပါ။
"မြူ ဘယ်သူကိုမှ အဲလို မခေါ်ခဲ့ဖူးဘူး" လို့ အမှန်တိုင်း ပြောလိုက်တော့လည်း သူမ ရယ်ပြန်တော့သည်။
"ဘယ်လို...မြူရယ်" လို့ ပြောရင်း ရယ်နေရင်းကို ရယ်နေတော့သည်။
"တကယ်ပြောတာ"
"ဒါဆို ပထမဆုံး ခေါ်တဲ့ သူက မ ပေါ့လေ" လို့ ဂုဏ်ယူဝင့်ကြွားနေတဲ့ မျက်နှာပေါက်နှင့်ပြောတော့သည်။သူမ တကယ်ကို ပျော်ရွင်နေတာ အမှန်ပင်။
"ခေါ်ကြည့်ပါဦး ပထမ ဆုံး ပြောတဲ့ မကို ကြားဖူးချင်လှပြီး" ဆိုပြီး နားလေးကို စွင့်တဲ့ ပုံစံ လေး လုပ်ပြတော့သည်။
"မ.."
"ချစ်စရာလေး" ဆိုပြီး မထင်မှတ်ဘဲ သူမ ကျွန်မ ရဲ့ ပါးနှစ်ဖက်ကို ညစ်တော့သည်။တစ်ခါမှ မခံစားဖူးတဲ့ ခံစားချက်တွေ ဝင်လာပြီး တကယ်ကို နွေးနွေးထွေးထွေး ရှိသွားတာတော့ အမှန်ပါ။
တစ်ခဏအကြာ..
"ကဲလာ..ဒါဆို မတို့ လမ်းလျှောက်ထွက်ရအောင်"ဆိုပြီး ထထွက်သွားပြီး ကျွန်မ ကို ဆိုင်ရှေ့မှာ စောင့်နေတော့သည်။ ကျွန်မ လည်း သူမ နောက်ကို ဆေးမိထားတဲ့ သူအတိုင်းကို လိုက်သွားမိတော့သည်။ ကန်ပေါင် ပေါ် တက်တဲ့ လမ်းနားရောက်တော့ သူမလက်တွေ ကျွန်မ ရဲ့ လက်နား ရောက်လာပြီး ကိုင်လိုက်ပြန်တော့သည်။
ပြီးတော့ ပြောသေး သူမက "ကိုင်ထားလို့ ရတယ်မလား" တဲ့လေ၊"အော် မရယ် ကိုင်ပဲ ကိုင်ထားပြီးတော့" လို့ပြန်ပြောလိုက်ချင်ပေမဲ့ ကျွန်မ ဘာမှ ပြောမထွက်ခဲ့ပေ။လမ်းတစ်လျှောက်လုံးလည်း သူမ ကျွန်မ ကို စကားတွေ ပြောနေတော့ပေမဲ့ ကျွန်မ ဘာစကားမှ မကြားနိုင်ဘဲ သူမ ကိုင်ထားတဲ့ ကျွန်မ လက်ကို သာ ကြည့်နေမိတော့သည်။သူမကတော့ တစ်ခွန်းပြီးတစ်ခွန်း ပြောသွားပေမဲ့ တစ်ကိုယ်ကိုမသိလိုက်ချေ။