ဤအပိုင်းတွင် under age စကားများပါသဖြင့် အသက်မပြည့်ပါက ခိုးဖတ်ပါရန်(ဟိဟိ)
"နမ်းကြည့်လို့ မြူ ကြိုက်ရင် ဝယ်ပေးမယ်"
"ရပါတယ်.."
"နမ်းကြည့်လိုက် လည်ပင်းနားကို ပိုစွတ်ထားတယ်"
လို့ ပြောရင်း ထလိုက်ကာ လှဲနေတဲ့ကျွန်မ မျက်နှာရှေ့ကို ဆံပင်တစ်ဖက်သိမ်းပြီး သူမ လည်တိုင်ကျော့ကျော့လေးကို လာထိုးပေးတော့တယ်။သူမရဲ့ လည်တင်ကျော့ကျော့ရဲ့ အလှတရားဟာ ကျွန်မ ရဲ့ ပါရမီ ကိုထိန်းမရလေလောက်အောင်ကို ဖြစ်နေစေပြီး သူမရဲ့ ကိုယ်သင်းရနံ့ကပါ ကျွန်မ ရဲ့စိတ်ကို ဆွနေသည့်အလား ဖြစ်နေတော့တယ်။သူမကလည်း မလျော့သောဇွဲနှင့်ကို သူမရဲ့ လည်တိုင်ကို ထိုးပေးနေတော့ ကျွန်မ ရဲ့ စိတ်တွေ ပိုမို ပြင်းထန်လာခဲ့တော့တယ်။
"မ..."
"ရှင့်"
သူမ က ကျွန်မရဲ့ မျက်နှာနဲ့ နီးနီးကပ် ဖြစ်နေသည့်ဘက်ကို လှည့်လာပြီး ထူးတော့ ပိုလို့တောင်ဆိုးသည့် အခြေအနေတစ်ခုကို ကျွန်မ ရင်ဆိုင်လိုက်ရတော့တယ်။
"ဟိုလေ...မြူ toilet ခဏ"
ကျွန်မ အနေနဲ့ ဒီထဲက ထွက်နိုင်သည့်နေရာကို ရှာရင်း toilet ကို ရွေးလိုက်မိတော့တယ်။
"အင်း...သွားလေ၊မ အခန်းထဲက ဟာကိုပဲ သွားလိုက် မြန်မြန်တော့ ပြန်လာခဲ့နော်......မျှော်နေမယ်"
သူမ ကတော့သိမယ်မထင်ဘူး၊သူမ ရဲ့ မျှော်နေမယ် ဆိုတဲ့ စကားကြောင့် ကျွန်မ တံတွေးတစ်ချက် မြိုချမိလောက်သည့် အထိ ဖြစ်ခဲ့ရတာကို။toilet လို့ သာ ပြောပေမဲ့ အထဲက မှန်ကိုသာ ကြည့်နေမိရင်း သက်ပြင်းတွေချလိုက်၊တံတွေးတွေ မြိုချလိုက် နဲ့ ကျွန်မ တကယ်ကို ဗျာ များနေခဲ့တော့တယ်။
"ဖိုက်တင်း မြူ...ငါ လုပ်နိုင်တယ်" လို့ နှုတ်ကလည်း ရွတ်ရင်း တစ်ကိုယ်တော် အားပေနေမိတော့တယ်။
ကျွန်မ စိတ် ကို ပြန်လည်ထိန်းပြီး အပြင်ကို ပြန်ထွက်တော့ ကုတင်ပေါ်မှာ ခွေခွေလေး အိပ်မောကျနေတဲ့ သူမ ကို တွေ့တော့ ကျွန်မ ပြုံးလိုက်မိတယ်။
"ဘယ်လောက် ချစ်ဖို့ကောင်းတဲ့ အမျိုးသမီးလဲ" လို့လည်း စိတ်ထဲ မှာပြောရင်း သူမ ကို ဘေးကနေ ငေးကြည့်နေမိခဲ့တယ်၊မျက်တောင်လေးတွေ မျက်ခုံးတွေ..နှုတ်ခမ်းသားကျပုံလေးတွေ နဲ့ သူမ ရဲ့ ပါးမို့မို့လေးတွေကို ကျွန်မ ကြည့်ရင်း ပီတိ ဖြစ်နေခဲ့တော့တယ်၊ကျွန်မ လည်း နောက်ပိုင်းဘယ်ချိန်က အိပ်ပျော်သွားမှန်းမသိ အိပ်ပျော်သွားရင်း မနက် မိုးလင်းတော့ မှ ကျွန်မ လက်ကလေးကို သူမ ကိုင်လျှက် အိပ်ပျော်နေတာကို တွေ့လိုက်ရပြန်တယ်။ကျွန်မ ရဲ့ အနီးမှာ အိပ်ပျော်နေတဲ့ သူမ ဟာ အရမ်းကို အပြစ်ကင်းတဲ့ ကလေးသဖွယ်ပါ၊ဒီလို မြင်ကွင်းမျိုးသာ နေ့တိုင်း မြင်ရမယ်ဆို ကျွန်မ နေ့ရက်တွေ လှပမှာ အမှန်။