တစ်ယောက်တည်း ရယ်လိုက် တွေးလိုက်ရယ်လိုက်နဲ့ ကျွန်မ တကယ်ကို ပီတိဖြစ်နေတော့တယ်။ထိုအချိန် တံခါးခေါက်သံ ကြားလိုက်ရတော့တယ်။ကျွန်မ လည်း တံခါးအဖွင့် ကျွန်မ ကို ကြည့်နေတဲ့ မျက်ဝန်းတစ်စုံနှင့်အတူ vodka တစ်ပုလင်း ပါလာတော့တယ်။
"မြူ..သောက်တတ်တယ်မလား"
"ဟုတ်...."
"အတူတူ သောက်ပေးနိုင်မလား"
"သေချာတာပေါ့"
ပုလင်းလေးကိုင်ပြီး သူအခန်းထဲကို ပြန်ဝင်သွားပြီး တံခါးနား အရောက် ညှို့ချက်ပြင်းလွန်းတဲ့ အကြည့်နှင့် အတူ ကျွန်မ ကို အခန်းထဲ ဝင်ဖို့ သူမ ဖိတ်ခေါ်နေတော့တယ်။
"လာလေ..."
"ဟုတ်.."
အခန်းထဲ ရောက် ကော်ဇော ပေါ်ကြည့်တော့မှ ဘီယာပုလင်းတွေ နဲ့ အမြည်းတစ်ခုစ နှစ်ခုစ က ရှိနေသေး။
"ထိုင်.."
သူမ ဘေးက နေရာ က ညွှန်ပြရင်း သူ ကိုယ်တိုင်လည်း ထိုင်လိုက်တော့တယ်၊သေချာသတိထားကြည့်တော့ သူမ ကြည့်ရဝာာ စိတ်ပျက်နေသလို။
"မ.."
"ဟင်.."
"မ စိတ်ပျက်နေတာလား"
ကျွန်မ မေးခွန်းကြောင့် သူမ ငြိမ်သက်သွားပြီး ဘီယာ ပုလင်းကို သာ လှမ်းဆွဲဖောက်လာတော့တယ်။
"ရော့...မြူ အတွက်"
"ဟုတ်.."
"မ စိတ်မပျက်ပါဘူး.."
သူမ လေသံ လေးကိုက အားပျော့နေသလိုရယ်ပါ။
"မ သိလား..."
"အင်း.."
"မ ကလေ အရမ်း ကျက်သရေရှိတာ.."
ထိုစကားကြောင့် သူမ အနည်းငယ် ပြုံးသွားတော့တယ်။
"ဘာလို့လဲ မြူ..မြန်မာဝမ်းဆက်တွေကြီး ဝတ်လို့လား"
"မဟုတ်ဘူး...မ ရဲ့ ပင်ကိုယ် ကျက်သရေရှိမှုကြောင့် အဲဝမ်းဆက်တွေ နဲ့ပါ ကျက်သရေ ရှိတာ"
"ဟားဟား.."
သူမ ဟက်ဟက်ပက်ပက် ရယ်လိုက်ရင်း vodka နဲ့ beer ကို ခွက်ရောထည့်ကာ သောက်လိုက်တော့တယ်။