ညှို့နိုင်လွန်းတဲ့ကျွန်မ ချစ်သူ(၅)

4.1K 431 21
                                    

နောက်တစ်ရက် ထိုနေ့က မိုးတွေသည်းကြီးမည်းကြီးရွာနေပြီး ကော်ဖီ သောက်ချင်စိတ်၊သူမကို တွေ့ချင်စိတ်က ပိုမိုဆိုးလာတာရယ်ကြောင့် ထိန်းမထားတော့ဘဲ မိုးရွာထဲ ထီးတစ်ချောင်းနဲ့ ဆိုင်ရှိရာသို့ ထွက်လာတော့သည်။ဆိုင်ရှေ့ရောက်တော့ အမိုး အောက်မှာ သူမ နှင့် အမျိုးသားတစ်ဦး ရပ်ပြီး စကားပြောနေတာကို မြင်လိုက်ရတယ်၊ထိုမြင်ကွင်းက အခြားသူများအတွက် အေးဆေး ဖြစ်လောက်ပေမဲ့ ကျွန်မ ရဲ့ ရင်ကို စူးနစ်ဝင်စေတဲ့ မြှားတစ်စင်းပင်ဖြစ်နေတော့သည်။

"နင်လာမယ်မလား.."

"လာပါ့မယ်..ငါမှာ နင်ပဲ ရှိတာလေ"ဆိုပြီး သူမ ကို ဖက်လိုက်တော့သည်။သူမကလည်း ပြန်ဖက်ပြီး နှစ်ယောက်သား ပြုံးရွှင်နေတော့သည်။သူတို့ နှစ်ဦးကြားထဲ မှာ သူငယ်ချင်းထက်ပိုတဲ့ ဆက်ဆံရေးတစ်ခုရှိနေသည်ကို ကျွန်မမြင်လိုက်ရတဲ့ အတွက် ကျွန်မ ခြေလှမ်းတွေ ရုတ်တရက် ဆိုသလို နောက်လှည့်ပြေးလိုက်ချင်ပေမဲ့ သူမ ကျွန်မ ကို တွေ့ပြီး မိုးရေ ထဲကနေ ကျွန်မ ဆီကို ပြေးလာတော့တယ်။သူမ ထီးမပါ မိုးသည်းထဲပြေးလာတော့ နောက်မှ ကျန်ခဲ့တဲ့ အမျိုးသားက အော်ပြောတာကို လည်းကျွန်မ ကြားလိုက်ရတော့တယ်။

"ကျေး..အာ ဒီကောင်မလေး မိုးရေစိုရင် ဖျားတတ်တာကို"

"မြူ" ဟု ခေါ်ပြီး ကျွန်မ ထီးအောက်ကို ဝင်လာတော့သည်။

"မ..."

"ပြန်တော့မှာလား ဆိုင်လာတာ မဟုတ်ဘူးလား"

"အင်း"

"လာပါ ဆိုင်ကလည်း ပိတ်တော့ မှ မိုးတွေ တအားကောင်းနေလို့ ဆိုင်က ကောင်မလေးတွေ တောင် ပြန်ကုန်ကြပြီး ဒါပေမဲ့ မြူအတွက် မ ဖျော်ပေးမယ်" ဟုခေါ်ပြီး ကျွန်မ ကို ဆိုင်ထဲ အတင်းခေါ်ရင်း ဆိုင်ရှေ့မှာ ကျန်ခဲ့တဲ့ အမျိူးသားကို လှမ်းပြောတော့သည်။

"အဲနေ့ကျမှ တွေ့မယ်ဟေ့ တာ့တာ့"

"အေးအေး"

ဆိုင်ထဲ မှာလည်း မှောင်မည်းနေပြီး ကျွန်မ အထဲရောက်မှ မီးဖွင့်လိုက်တော့သည်။ကျွန်မ လည်း ထိုင်ခုံ တစ်ခုံ မှာ ထိုင်လိုက်ပြီး သူမကတော့ ကျွန်မ အတွက် ကော်ဖီ ဖျော်ပေးဖို့ အနောက်ထဲ​ဝင်သွားတော့တယ်...အဲနေ့က တကယ်ကို မိုးပြိုကျမတတ်ကို မိုးရွာသွန်းနေပြီး ကျွန်မ ရင်ထဲ မှာလည်းအရမ်းကို နာကျင်ခံစားနေတော့သည်။

ညှို့နိုင်လွန်းတဲ့ကျွန်မ ချစ်သူDonde viven las historias. Descúbrelo ahora