ကျွန်မ လည်း အညှို့ခံထားရသူလိုပဲ လျှောက်လာရင်း သူမ လည်သားလေးတွေကို ငေးနေမိပြန်ပါတော့သည်။
"အရမ်းလှတယ်.." လို့ ကျွန်မ လည်း နှုတ်က ထွက်သွားတော့တယ်၊တကယ်လည်း အရမ်းလှလွန်းပါတယ်။
"ဘာလဲ မြူ၊လုပ်ပေးလေ မကို "
"ဟုတ်"
ဆွဲကြိုးကို ဆွဲပေးရင်း ကျွန်မ နှလုံးသားကို လုံးဝ ငြင်းဆန်လို့မရနေတာနဲ့ ကျွန်မ လည်းထုတ်ပြောလိုက်မိတော့သည်။
"မကို သဘောကျတယ်"
ပုံမှန် အပြုံးလေးနှင့်ကျွန်မကို မှန်ထဲကနေ ပြုံးပြီး သိပ် မကြာ ကြားခံနယ် မှန်ထဲကနေပဲ ထပ်ဆင့် ကြည့်နေတော့သည်။
"မြူ ဘာပြောလိုက်တယ်"
"မ ကို သဘောကျတယ်လို့" ကျွန်မ လည်း တွေဝေးချင်းမရှိဘဲပြောတော့ သူမ အတွက် ပိုအံ့သြမှုဖြစ်နေတော့သည်။
ထိုနောက် သူမ ထ ထွက်သွားကာ အခန်းဝနားရောက်တော့ ကျွန်မ လည်း လုပ်မဲ့ လုပ် အဆုံးထိ လုပ်မည်ဟု တွေးထားတာကြောင့် လှမ်းခေါ်မိတော့တယ်။
"မ.."
သူမ ရဲ့ ခြေလှမ်းတွေ ရပ်တန့်သွားတော့သည်။
"ယဥ်မွန်ကျေး ငါနင်ကို ကြိုက်တယ်"
သွားပြီး ငါ ဘာတွေ ပြောလိုက်မိပါလိမ့် လို့ တွေးရင်း ကျွန်မ စတင်လမ်းပျောက်လာတော့တယ်။သူမ အကြည့်တွေက ကျွန်မ ကို တည့်တိုးမကြည့်ဘဲ ရှောင်နေတာကြောင့် ဘယ်ကနေမှန်းမသိ ကျွန်မ သတ္တိတွေ ရနေပြီး ထပ်ပြောမိတော့တယ်။
"နမ်းချင်တယ်.."
ထိုစကားကြောင့် သူမ အကြည့်တွေ ကျွန်မ ဆီရောက်လာပြီး အတိတ်တစ်ခုဆီသို့ ပြန်တွေးနေသည့် ဟန်နှင့် ကျွန်မ ကိုကြည့်နေတော့သည်။
"မဖြစ်နိုင်ဘူး.."
ငြိမ်သွားပြီး သူမ ပထမဆုံး ပြောတဲ့ စကားပါ။
"အကြောင်းပြချက်က.."
"မဖြစ်နိုင်ဘူး..." ဆိုပြီး ပြောကာ အခန်းသော့ကို ဖွင့်နေချိန် ကျွန်မ လည်း ကျော့ရှင်းလှပ လွန်းလှသည့် သူမ ကို အနောက်ကနေ ဖက်ထားလိုက်ကာ မှ သူမ အသားတွေက အစ နူးညံ့တဲ့ သူမှန်း သိခဲ့ရတယ်။