"ဟယ် ..ဒိတ်တောင်မကြည့်ဘဲ ဘာလို့ သောက်တာလဲ"
"မ ကို မြင်ယောင်နေလို့"
ဖြေကောင်းတဲ့ အဖြေပဲ ကျွန်မ ရွေးပြောခဲ့တော့တယ်။
"မကို မြင်ယောင်တာနဲ့ နို့နဲ့ ဆိုင်..."
သူမ စကားကို ဆုံးအောင်မပြောဘဲ ရပ်လိုက်တော့တယ်။"သဘောကျနေမိတယ်...အစ်မ ရဲ့ ကိုယ်သင်းရနံ့၊အစ်မ ရဲ့ နှုတ်ခမ်းသားတွေ၊မြတ်နိုးလောက်တဲ့ အကြည့်တွေ ကြား ရှုန်းထွက်ဖို့ ခက်နေတယ်"
သူမ အကြည့်တွေ ချက်ချင်းဆိုသလို အရောင်ပြောင်းသွားတော့သည်။
"မ တောင်းပန်ပါတယ်၊မြူ အပေါ် မဆက်ဆံတာ လွန်သွားတာ"
သူမ ရဲ့ ထိုစကားက ကျွန်မ ရင်ကို နာကျင်စေပါတယ်။
"ဘာဆိုလိုတာလဲ"
"မြူ နဲ့ မက လုံးဝ မဖြစ်နိုင်ဘူး"
"ချစ်လား"
ကျွန်မ ရဲ့ မေးခွန်းအောက်မှာ သူမ အကြည့်တွေ စိုလဲ့ သွားတော့သည်။
"မြူ..ချစ်ရုံနဲ့ မပြီးဘူး ကလေးလေး"
"အဆုံးထိ ငြင်းလေ၊မရရ အောင် မြူ မ အချစ်ကို ယူပြမယ်"
ကျွန်မ စကားကြောင့် သူမ ရဲ့ ရင်ခုန်သံတွေကို ကျွန်မကြားနိုင်ပါတယ်။
"ကဲ ဒါဆို မ သွားတော့မယ်၊နေကောင်းအောင်နေပါ"
ပြောရင်းဆိုရင်း သူမ ထသွားရင်း အခန်းဝ ရောက်ခါနီး ကျွန်မ စကားတခွန်းပြောလိုက်တော့သည်။
"ချစ်နေတယ်မလား"
သူမ ကျောခိုင်းထားတဲ့ နောက်ကျော အလှ ကိုတောင် ကျွန်မ ချစ်နေမိပြီး။
"မြူ..."
"အခြားစကားမပြောနိုင်ပဲ၊နာမည်ပဲ ခေါ်နေတော့မှာလား ဒီက နာမည်လေး ခေါ်တာတောင်မှာ အရမ်းချစ်နေတာ"
ထိုနောက် သူမလည်း ထွက်သွားတော့တယ်၊ဒါပေမဲ့ ကျွန်မ ဆုံးဖြတ်ချက် တစ်ခုတော့ ခိုင်ခိုင်မာမာ ချမှတ်နိုင်ခဲ့တယ်။
"မ အချစ်ကို မရရအောင် ယူပြမယ်"
နေကောင်းပြီး တစ်ရက်အကြာ ကျွန်မ ကော်ဖီဆိုင်လေးကို ခြေဆန့်လာတော့ သူမကို ဆိုင်ရှေ့မှာ တွေ့ပြန်တယ်။ကားပေါ်က ဆင်းလာတဲ့ ခြေလှမ်းတလှမ်းစီကို ကျွန်မ မှင်သက်နေမိပြန်တယ်။