Intro

546 23 3
                                    

(မိုးရေစက်တွေ မြေပြင်ပေါ် သက်ဆင်းကခုန်တဲ့နေ့မှာ နှလုံးသားမှာ
တစ်စုံတစ်ယောက်ရဲ့နာမကို
ရေးထိုးခဲ့တယ်။
ပထမဆုံးသော အချစ်ကို ထိုလူ့ထံသာရည်စူးလို့ရယ်......။)

၅.၆.၂၀၁၉

အဲ့နေ့မိုးတွေရွာတယ်
အရမ်းကိုပြင်းထန်စွာပဲ။
အစိမ်းရင့်ရောင့် သစ်ရွက်တွေပေါ်မှာ
နေရာမလပ်မိုးရေစက်တွေ
ဆင်းသက်ကခုန်လို့ရယ်။
လေတွေကလည်း အေးစိမ့်နေအောင် တိုက်ခတ်နေပြန်တယ်။

မိုးစက်မိုးမှုန်လေးတွေရယ်၊
လေအေးအေးရယ်ပေါင်းစပ်တော့
အချမ်းဓာတ်တွေပိုလာတာပေါ့။

အဲ့ဒီအ​အေးဓာတ်ကိုအံတုလို့
အဋ္ဌမတန်း (A)ခန်းမှာ ဆရာမမဝင်သေးတော့အခန်းထဲမှာဆိုရင်စကားသံတွေက
မိုးသံလေသံ​တွေနဲ့အပြိုင်ပါပဲ။

ကျောင်းဖွင့်ကာစရက်တွေမို့ဆရာမတွေ
စာမသင်သေးတာလည်း ပါပါလိမ့်မယ်။

ကျွန်တော်ကတော့ နောက်ဆုံးတန်းက​
ရေရင် ၃ ခုံမြောက်မှာငြိမ်သက်နေမိတယ်။

ဘာကြောင့်များလဲဆိုတဲ့မေးခွန်းတစ်ခုနဲ့ပေါ့
ဒီနေ့ကျွန်တော် သူ့ အကြောင်းကို
ကြားလိုက်မိတာရင်ထဲမှာနာကျင်သလိုမျိုးဆစ်ခနဲတစ်ချက်ဖြစ်သွားခဲ့တယ်။
သူ့တစ်ယောက်ယောက်နဲ့ တွဲနေတယ်ဆိုတဲ့အတန်းထဲမှာ ပြောနေကြတဲ့အကြောင်းတွေကို နားထောင်ဖို့ခံနိုင်ရည်မရှိဘူး။

ကျွန်တော် သူ့ကို တခြားတစ်ယောက်နဲ့တွဲနေတာကို သဝန်တိုမိတယ်။
ဒါဟာ ဘာကြောင့်မှန်းစဉ်းစား မိတဲ့အခါ
သူ့ကို ကြိုက်နေမိပြီဆိုတာကို
သိခဲ့ရတယ်။

နွေရာသီ ကျောင်းပိတ်ရက်တုံးက
တစ်စုံတစ်​ယောက် ကိုသတိရနေမိတာတွေက တကယ်တော့​သူ့ကိုသတိရနေတာပဲ။
တစ်ချို့သော အရာတွေကို ကျွန်တော်အခုမှနားလည်မိတယ်။

ဒါပေမယ့်

ဟင့်အင်း မဖြစ်သင့်​ဘူး။
စိတ်ကစားတာပဲဖြစ်မှာပါ။

အတွေးတွေက ကိုယ်ကိုယ်ကို ပြန်ထိန်းသိမ်းနေပေမယ့် နှလုံးခုန်သံကတော့ လိမ်ညာမှုကင်းမဲ့စွာ ခုန်ပေါက်လှုပ်ရှားလို့ရယ်။
အတွေးတွေနဲ့ ဝေခွဲမရခြင်းတွေနဲ့ ၁၃နှစ်အရွယ် ရှစ်တန်းကျောင်းသားလေးက
ခုံပေါ်ကို ခေါင်းလေး​ဘေး​စောင်း
မှောက်အိပ်လို့ အပြင်မှာရွာသွန်းနေဆဲ သော မိုးစက်မိုးမှုန်လေးတွေကိုငေးကြည့်နေခဲ့တယ်။

စာသင်ခန်းထဲကစကားပြောသံတွေကလည်း
ရပ်တန့်ခြင်းကင်းမဲ့စွာနဲ့...။

... ... ... ... .... .... .... ...

အဲ့ဒီနေ့ကစလို့ သူ့ကိုစတင် crushခဲ့သည်။
Crushသည်ပို၍လည်း ချစ်ခဲ့သည်။
သည်းထန်လှစွာသော မိုးရေစက်တွေနဲ့အတူ
သူ့ကို စတင်သဘောကျမိတဲ့နေ့ဟာ
နှစ်တိုင်းသတိရနေ့မယ့် အမှတ်တရနေ့လေးတစ်ခုပါပဲ။

°°° °°° ♥♥♥°°° °°°♥♥♥°°° °°°

July moe sat😔

He (Or)CrushWhere stories live. Discover now