Chapter 3 (သူ (or) Crush)

154 18 0
                                    

သူ့ကို အချိန်ကြာလာတာနဲ့အမျှ ပိုပြီးတော့
ချစ်ခဲ့မိတယ်။
နေမင်းကြီးရှိရာကိုမျက်နှာမူထားတဲ့နေကြာပန်းတစ်ပွင့်ပါ။
နေမင်းကြီးကသိချင်မှသိနိုင်ပါလိမ့်မယ်။
ဒါပေမယ့် နေကြာပန်းလေးကတော့
နေမင်းကြီးကို အမြဲမျက်နှာမူနေမှာပါ။
.... .... .... ... ...

February လရဲ့ မနက်ခင်းဟာ နေရောင်ခြည်ဝါဖျော့ဖျော့...။
ပြာလွင်တဲ့ကောင်းကင်ထက်မှာ​
ငွေ​ရောင်တိမ်စိုင်တို့နဲ့ ...။

ဒသမတန်းကျောင်းသားတွေမှလွဲရင်
တခြားသောအတန်းတွေအားလုံး
စာမေးပွဲဖြေတဲ့နေ့ ဖြစ်လေပြီ။

အဋ္ဌမတန်း ကျောင်းသားတွေလည်း စာမေးပွဲ
ဖြေဖို့ရာအခန်းအသီးသီးထဲမှာ
ရောက်ရှိနေကြပြီ။
တစ်ချို့ကလည်း ဘုရားရှိခိုးတယ်။
တစ်ချို့ကလည်းမေတ္တာပို့တယ်။
တစ်ချို့ကြတော့လည်း တည်ငြိမ်လွန်းနေ
ပြန်ပါတယ်။

နီလာ(၁၂)

စာဖြေခန်းထဲကို ကျွန်တော်
စိတ်လှုပ်ရှာစွာလှမ်းဝင်ခဲ့တယ်။
အခန်ထဲရောက်တော့ကျွန်တော်ခုံနံပါတ်ကိုရှာတယ်။

အအစ-၁၉၃၅

(အအစ=အဋ္ဌမတန်း၊အင်းစိန်မြို့)

ကျွန်တော်ရဲ့ ခုံနံပါတ်ရှိတဲ့နေရာမှာ
ဝင်ထိုင်ပြီးတော့ ဘုရားကို ခဏအာရုံပြုတယ်။
ပြီးတဲ့နောက်မှာကျွန်တော်ငြိမ်သက်ပြီးတော့စာတွေကိုပြန်ပြီးစဉ်းစားတယ် ။

မကြာခင်မှာပဲ အခန်းထဲကို တခြားသူတွေအလျှိုလျှို ဝင်လာကြတယ်။

သူ လည်းအပါအဝင်ပေါ့။

ဒါပေမယ့်သူ့ကိုတစ်ချက်ကြည့်ပြီးတော့
ချက်​​ခြင်းအ​ကြည့်လွှဲလိုက်​ပြီး
စာကိုကျွန်တော်ပြန်အာရုံစိုက်တယ်။

မကြာခင်မှာပဲ စာ​ဖြေခေါင်လောင်းသံ ထွက်ပေါ်လာပြီးတော့ အခန်းစောင့်ဆရာမ
နှစ်ယောက်ကမေးခွန်းနဲ့
အဖြေလွှာစာရွက်တွေဝေတယ်။

အခန်းထဲကလူအားလုံး ခေါင်းမဖော်နိုင်လောက်အောင်ကို
အသည်းအသန်ရေးဖြေနေကြတယ်။
သူရော ၊ ကျွန်တော် ရောပါပဲ။

He (Or)CrushWhere stories live. Discover now