Chapter 11 (သူ(or)Crush)

117 15 0
                                    

တစ်စုံတစ်ခုသော အကြောင်းအရာကို
ဖန်တိီးနိုင်တဲ့အချိန်မှာ သူ့ရဲ့အားပေးမှုကိုလိုချင်ခဲ့တယ်။

တစ်စုံတစ်ရာကို ရှင်းပြနေချိန်မှာ
ကျွန်တော့်ကိုကြည့်နေမယ့် သူမျက်ဝန်းက အကြည့်ကို မြင်ခွင့်ရချင်တယ်။
စိတ်ကူးယဉ်မှုတစ်ခုထက်
မပိုခဲ့ပါဘူး။
... .... .... ....

စာသင်ခန်းထဲမှာ ကျွန်တော်ထိုင်နေရင်း အနည်းအများတော့စိတ်လှုပ်ရှားနေရတယ်။
English ဆရာမက ကျွန်တော်တို့တွေကို
Team Workတစ်ခုစီပေးမှာကြောင့်ပါ။
ပညာရေးစနစ်သစ်က
အရင်ကနည်းလမ်းဟောင်းများဆိီကနေသွေဖည်လို့ ကျောင်းသားတွေကို တွေးခေါ်နိုင်စွမ်း ဖန်တီးနိုင်စွမ်း
အုပ်စုဖွဲ့လှုပ်ရှားနိုင်စွမ်းအတွက်
ရည်ရွယ်ခြင်းကြောင့် Lesson တွေနဲ့ဆိုင်တဲ့
Team Workလေးတွေ လှုပ်ရှားခိုင်းဖို့
စီစဉ်ထားကြောင်းပြောပြတယ်။

အခု​ပြုလုပ်ရမယ့်Team Workက
ခက်ခဲတဲ့အရာတွေအကြောင်း မဟုတ်ပေမယ့်
အကောင်းဆုံး မလုပ်နိုင်မှာတော့
စိတ်လှုပ်ရှားရင်း။

Englishအချိန်ရောက်တော့ ဆရာမက
ရှာရမဲ့ခေါင်းစဉ်တွေကို ယူလာတယ်။
အဖြူရောင်စက္ကူအပိုင်းအစလေးတွေက
ခုံပေါ်မှာ မှောက်ရက်။

ပထမဆုံးGroup 1ရဲ့ခေါင်းဆောင်အနေနဲ့ကျွန်တော့်က စက္ကူအပိုင်းအစလေးထဲကတစ်ခုကိုဆွဲယူလိုက်တယ်။
ကျွန်တော်လက်ထဲကစာရွက်လေးမှာ
ရေးသားထားတဲ့ အကြောင်းက
Korea "

အခက်အခဲတော့မရှိပါဘူး။
မလွယ်ကူတဲ့ Countryအကြောင်း
ဆိုပေမဲ့။

ဒိိီလိုနဲ့ ကျွန်တော်တို့အသင်းထွက်ပြောရမယ့် အလှည့်ကိုရောက်လာခဲ့တယ်။
အတန်းသူအတန်းသားတွေအားလုံးရဲ့
အရှေ့မှာအကောင်းဆုံးတော့
ကျွန်တော်တို့ အဖွဲ့ ကြိုးစားရှင်းလင်းပြီး
ပြောပြခဲ့ကြပါတယ်။

ဒီလိုအတန်းရှေ့မှာ အကြောင်းတစ်ခုခုကို ပြောနေတဲ့အချိန်မှာ ကျွန်တော့်ကို
သူကြည့်နေခဲ့ရင်ကောင်းမှာ..။
သူ့ရဲ့အားပေးလက်ခုပ်သံကိုလည်း
လိုချင်ခဲ့တာ။
ကျွန်တော်တို့အဆက်အသွယ်ပြတ်
နေခဲ့တာကြာပါပြီ။

ကျောင်းရဲ့စာသင်ချိန်တော်တော်များများမှာသူ့ကို ကျွန်တော်သတိရနေတာ။
Bioသင်တဲ့အချိန်မှာတစ်ခုံတည်း
ထိုင်ချင်သလိုအပြန်အလှန် Meaning​တွေရဲ့အသံထွက်တွေကို
ငြင်းခုံဆွေးနွေးချင်ပါတယ်။
Bio ဆရာမ ပြောတဲ့ဟာသတွေကို
နားထောင်ပြီးအတူရယ်မောချင်တယ်။
Bioဆရာမ ရဲ့ဆုံးမစကားတွေကိုအတူတူနားထောင်ချင်တယ်။

အခန်းထဲမှာအတူတူစာကျက်ချင်တယ်။
သင်္ချာတွေမဖြေရှင်းနိုင်ရင်
သူ့ကိုအားကိုးချင်တယ်။

အေးစက်လာတဲ့သူငယ်ချင်း
ဆက်ဆံရေးကိုတောင်
အဖတ်မဆည်နိုင်သေးပဲ
ကျွန်တော် ဖြစ်ချင်တာက များနေခဲ့တယ်။

One Day
တစ်နေ့မှာကျွန်တော်ဆုံးဖြတ်ချက်တစ်ခုကို
ခက်ခဲစွာနဲ့ ဆုံးဖြတ်လိုက်တယ်။
သူကျောင်းပြန်တက်တဲ့အခါ
သူနဲ့အဝေးမှာနေမယ်ဆိုတဲ့အကြောင်း၊
သူ့ကိုချစ်တဲ့တစ်ဖက်သတ်အချစ်ကို နှလုံးသားမှာပဲသိမ်းထားရန်အကြောင်းရယ်၊
မိုးရွာရင်မငိုမိဖို့အတွက်။

ဒီအချက်တွေနဲ့ပဲကျွန်တော်သူ့ကို
ချစ်နေခဲ့တာကိုမပြင်းထန်လာအောင်ထိန်းချုပ်ဖို့ ကြိုးစားမှုတစ်ခုကိုစတင်ခဲ့တာ။

သို့သော် နောက်ဆုံးသော
အခွင့်အရေးတစ်ကြိမ်အနေနဲ့ သူ့ကို မျက်နှာချင်းဆိုင်တွေ့ရင်း
သူ့အပြုံးကို ၊သူ့အကြည့်ကို
မြင်ခွင့်ရချင်သည်။

.... ... .....
JulyMoeSat 😔

He (Or)CrushTempat cerita menjadi hidup. Temukan sekarang