Chapter 7 (သူ(or)Crush)

112 15 2
                                    

မိုးစက်တွေရွာသွန်းလေတိုင်း
သူ့ကို ချစ်ခဲ့မိတဲ့နေ့​လေးကို
အမြဲအမှတ်ရနေဆဲပါ..။

ကံကြမ္မာ က တွေ့ဆုံစေပြီး
ခွဲခွာစေမယ်ဆိုခဲ့ရင်
ဆုံနေရတဲ့အချိန်မှာ အတတ်နိုင်ဆုံးသူ့ကို
ငေးလို့ကြည့်ချင်တယ်။
သူ့စကားသံကိုနားထောင်မယ်။
သူ့အကြည့်တွေကို နှလုံးသားရဲ့
နက်ရှိုင်းရာဆီမှာ သိုဝှက်သိမ်းဆည်း
ထားခဲ့ချင်တာ။
... ... .. ... ..

Covid 19ရဲ့ Second Waveမှာ ကျောင်းတွေခဏတာဖွင့်ပြီးတော့ပြန်လည်
ပိတ်ထားခဲ့တယ်။

သူနဲ့ကျွန်တော် ဝေးနေခဲ့တာလည်းကြာပါပြီ။
အချိန်တွေဟာ မြစ်ရေလို တသွင်သွင်
စီးဆင်းလို့ လျင်မြန်စွာကုန်ဆုံးတယ်။

ဒိီလိုနဲ့ပဲနောက်ထပ် အချိန်တစ်ခုဆီကို
ခေါ်ဆောင်သွားတယ် သူနဲ့ရှိမယ့် Conversationတစ်ခု​အတွက်။

အချိန်တစ်ခုအထိ ကြာပြီးတဲ့နောက်မှာ
Onlineပေါ်မှာ စာကြောင်းတစ်ချို့၊ စကားလုံးအချို့၊ဝါကျအနည်းငယ်နဲ့
သူနဲ့ကျွန်တော်ပြန်ဆုံခဲ့တယ်။

လူချင်းမတွေ့နိုင်ပေမယ့် Chatting ထိုင်ရင်း
စာအပြန်အလှန်ပို့ဖြစ်တယ်။
ဒါပေမယ့်နောက်ပိုင်းမှာ သူ့ဘက်က Replyပြန်တာနောက်ကျလာခဲ့တယ်။

ကျွန်တော် ညဘက်လိုင်းသုံးနေတဲ့ တစ်ညမှာ
Massangerက အချက်ပေးသံတစ်ခုနဲ့အတူ

"မအိပ်သေးဘူးလား..။" ဆိုတဲ့ စာလေးတစ်ခု
တစ်ဖက်ကနေပို့လာခဲ့တယ်။

"Ficရေး​နေတာ ..။" လို့ ကျွန်တော်သူ့ကိုစာပြန်ပို့တယ်။
တကယ်လည်းကျွန်တော် Wattpadမှာ
Ficတစ်ချို့ရေးနေခဲ့တာပါ။
စိတ်ထွက်ပေါက်တစ်ခုအနေနဲ့ပေါ့။

"Wattpad သုံးတာလား။" သူဆီက
မေးခွန်းဝါကျတစ်ကြောင်းရောက်လာတယ်။

"အင်း...Ficရေးဖို့အတွက်" လို့ သူဆီကိုကျွန်တော်စာပြန်ခဲ့တယ်။

"ငါက Fic ဖတ်ပဲဖတ်တာ...မရေးဘူး..။"

"အင်း ငါက ရေးရတာပိုကြိုက်တာ။"

"ဘယ်အမျိုးအစားရေးတာလဲ..။"

"BLရေးတာ..။"

"ငါက Normal ပဲဖတ်တာ..။"
မတူညီတဲ့ ဆန်ကျင့်ဘက်အရာတွေနဲ့ ကျွန်တော်တို့ Chatဖြစ်ခဲ့ကြတယ်။
ဒိိီလိုနဲ့အဲ့ဒိီ့ညက Conversation တစ်ခုက
ထူးခြားစွာနဲ့အသက်ဝင်ခဲ့တယ်။
နောက်နေ့ နောက်နေ့တွေမှာ သူဆီက
စာလေးတစ်ကြောင်းကိုမျှော်နေပေမယ့်
မဖြစ်နိုင်ခဲ့တာတော့အမှန်ပါပဲ။

တစ်စုံတစ်ယောက်ကို မျှော်လင့်စောင့်စားရင်း
နာကျင်မှုတွေကိုထွေးပွေ့လို့ ဘေးကနေ
ငေးကြည့်ခွင့်လေးသာလိုချင်ခဲ့တာပါ။

တကယ်တော့ ကျွန်တော်
ficရေးခဲ့တယ်ဆိုတာ သူ့ကြောင့်....။
သူကို တစ်ဖက်သတ်ချစ်မိခဲ့လို့
မွန်းကျပ်မှုတွေကို ထွက်ပေါက်တစ်ခုအဖြစ်နဲ့ ဖန်တီးရင်း အမှတ်တရတွေကို
သိမ်းထားခဲ့ချင်တဲ့အချက်ရယ် ၊
ဝါသနာအနည်းအကျဉ်းလေးပါပဲ။

Wattpad accရဲ့Nameမှာ သူ့ကို
စတင်ချစ်ခဲ့မိတဲ့ နေ့ရက်ကရွာသွန်းတဲ့
မိုးစက်လေးတွေနဲ့အတူ
ကျွန်တော့်ကိုမွေးတဲ့ July လရယ်ကိုပေါင်းစည်းလို့ JulyMoeSat(ဂျူလိုင်မိုးစက်)
ဆိုတဲ့ နာမတစ်ခုကို ပေးဖြစ်ခဲ့တာ။
ကျွန်တော့်ရဲ့ Wattpad accမှာ
သူ့နဲ့ဆက်စပ်မိခဲ့တဲ့အကြောင်းကို
ထည့်သွင်းခဲ့တာပါ။

တစ်ချို့ ညတွေမှာဆိုရင် Perrty Boyသီချင်းကို ဆိုညည်းရင်း သူ့ကိုသတိရလွမ်းဆွတ်
နေခဲ့တယ်။

I use to write your"s name

And put it in at frame

And Sometime I think I hear you call

Right from my bedroom"s wall

You stay a little while

And touch me with your smile

And what can l say to make you mine

To reach out for you in time."

He (Or)CrushWhere stories live. Discover now