နက်ပြာရောင်ကောင်းကင်ကို
အောက်ခံထားလို့ ထွန်းလင်းနေတဲ့ လမင်းရဲ့
အလင်းရောင်က သူ့ရဲ့ အပြုံးတစ်ပွင့်နှင့်
တူလှတယ်။
တစ်လက်လက်တောက်ပနေတဲ့ ကြယ်တွေက သူ့ရဲ့အကြည့်တွေကိုရည်ညွှန်းတယ်။...... ..... ....
နွေရာသီရဲ့အပူရှိန်ကြောင့် သစ်ရွက်ကြွေတွေက လမ်းမထက်မှာ လေအဝှေ့မှာပြန်ကျဲ့လို့ရယ်။
နွေရဲ့ သင်္ကေတ ဂီတသံစဉ် ဥသြတွန်သံက လွမ်းမောဆွတ်ပျံ့ဖွယ်ရာ
ခံစားချက်ကိုပေးစွမ်းနေကြ၏။လေပြည်ရူးတသုန်သုန်တိုက်ခတ်လို့
အလွမ်းတို့ဆောင်ကြဉ်းရာ ဂိမှာန် နွေ...။Covid 19 ကတဖြည်းဖြည်းနဲ့ပျံ့နှံ့လာတာ
မြန်မာနိုင်ငံမှာတောင်ကူးစက်သူတွေရှိလာခဲ့သည်။
ကျောင်းပိတ်ချိန်သုံးလမှာ တစ်လတောင် ဘာလိုလိုနဲ့ မြစ်ရေတွေလိုတသွင်သွင်စီးဆင်းကုန်ဆုံးခဲ့ပြီ။သူ့ကိုမတွေ့ရတာလည်းကြာခဲ့ပါပြီ။
ရင်ထဲမှာဟာတာတာနဲ့ အရမ်းကို
ခံစားရခက်တဲ့ခံစားချက်တွေလည်း
နှိပ်စက်လွန်းသည်။သူ့ကိုသတိရတိုင်း ရင်ထဲမှာ နာကျင်မှုတစ်ခုကိုထွေးပွေ့လို့..။
သူ့ကို သိအောင်ပြောပြချင်ပေမယ့်
အစကတည်းက ယိုယွင်း ကြိုးမျှင်တစ်စက
အကြောင်းတစ်ခုကြောင့်လည်း
ပျက်ကျသွားနိုင်သလိုကျွန်တော်နဲ့သူနဲ့ဆက်ဆံရေးက
တစ်ခုခုကြောင့်ရှိနေရင်းကနေ
လုံးဝပြတ်တောက်သွားတာလည်း
ဖြစ်နိုင်တာမို့
ကျွန်တော့မျိုသိပ်ရင်း သူ့ကို ချစ်နေတယ်။
အနီးနားမှာရှိပြီး သူကိုကြည့်နေရရင်
ကျေနပ်နေရတဲ့ဘဝမှာပဲနေရမှာပါပဲ။တစ်နေ့ထက်တစ်နေ့
စိုးရိမ်စရာကောင်းလာတဲ့
Covid-19သတင်းတွေကြားတိုင်း
ကျွန်တော့်မိသားစုပြီးရင်
သတိရမိတာသူပါပဲ။
ဒိီနှစ် သင်္ကြန်ဟာလည်း ခြောက်သွေ့
ပျင်းရိဖွယ်ပြီးဆုံးခဲ့ရပါတယ်။
ကျွန်တော့်မှာ သူနဲ့ သင်္ကြန်ကို
နှစ်ယောက်တူတူလျှောက်လည်ချင်တဲ့
ဆန္ဒလေးရှိတယ်။
ဒါပေမယ့် ဒါဟာ စိတ်ကူးတစ်ခု
၊ဆန္ဒတစ်ခုပါပဲ။တစ်ခါတစ်ရံတိုင်းမှာ
သူရဲ့နာမည်ကိုမကြာခဏဆိုသလို
နှုတ်ကနေ တိုးတိတ်စွာတမ်းတမိသည်။
သူ့ရဲ့နာမည်က သာမန် ထက်မထူးခြား
ပေမယ့်လည်း ကျွန်တော့အတွက်တော့ အထူးခြားဆုံးနာမတစ်ခုပါ။သာယာတဲ့ နွေညတစ်ညမှာ ကျွန်တော်
အိမ်အပြင်မှာထွက်ထိုင်နေရင်း နက်ပြာရောင်ကောင်းကင်ကြီးနဲ့အတူ
ကောင်းကင်ထက်က တောက်ပလွန်းတဲ့ ကြယ်လေးတွေကို ကြည့်ရင်း
သူ့အကြောင်းကို သတိရနေပြန်ပါလေရော။ကြယ်ကြွေရင် ဆုတောင်းပြည့်တယ်ဆိုတဲ့အယူအဆကို လက်မခံခဲ့ပေမယ့်
သူ့ကိုချစ်မိလာတဲ့နောက်ပိုင်းမှာ
ကြယ်ကြွေတိုင်း စိတ်ရင်းအမှန်နဲ့
ဆုတောင်းခဲ့တာပါ။ဆုတောင်းကတော့
"ကျွန်တော်ကိုသူပြန်ချစ်လာပါစေ"
ဆိုတဲ့ ရိုးရှင်းတဲ့ဆုတောင်းလေးတစ်ခုကိုပဲဆုတောင်းခဲ့သည်။သူ့ကိုပြန်ပြီးတွေ့ရဖို့
ကျောင်းတွေပြန်ဖွင့်ချိန်ကို အမြဲတမ်းလက်ချိုးရေတွက်လို့ မျှော်လင့်နေရပေမယ့်
ကပ်ရောဂါက တာဆီးနေတော့
ဒီနှစ်ကျောင်းဖွင့် ပါစေရယ်လို့သာ စိတ်ထဲကဆန္ဒပြုနေရတယ်။တစ်ခါတစ်ရံ မှာ တစ်ဖက်သတ်ချစ်ခြင်းက
ပူလောင်မှုတွေများလွန်းပါတယ်။
ဒါပေမယ့် နာကျင်မှုတွေကို ပိုက်ထွေးပြီးဆက်ချစ်နေချင်တာလည်း
တစ်ဖက်သတ်အချစ်ရဲ့ မမှားနိုင်တဲ့ သီအိုရီ
တစ်ခုပါပဲ။°°° °°° ♥°°° °°° ♥ °°° °°° ♥ °°° °°°
JulyMoeSat😔
DU LIEST GERADE
He (Or)Crush
Jugendliteraturကျွန်တော့်ရဲ့ တစ်ဖက်သတ်ချစ်ရသော နှလုံးသားကို လှုပ်ခတ်စေသူ။ ဥပေက္ခာနဲ့ ဆက်ဆံတဲ့သူ။ သူ့ကို မှ တစ်ဖက်သတ်ချစ်မိတာ ရူးသွပ်ခြင်းဆို ကျွန်တော်ဟာ အဲ့ဒီရူးသွပ်ခြင်းက ရုန်းမထွက်နိုင်သူပေါ့။