Chapter 6 (သူ(or)Crush)

115 18 0
                                    

   Maskရဲ့အောက်က မျက်ဝန်းတစ်စုံရဲ့
အကြည့်က အရင်အတိုင်း
တည်ရှိနေဆဲ။
ပိုပြီး ချောမောလာတဲ့ သွင်ပြင်နဲ့
ငေးချင်နေစရာ အပြုံးတွေကအရင်ကထက်
ပိုပြီးတော့ စွဲမက်ဖွယ်သာ။

ခြားနားသွားတဲ့ စည်းတွေကြားမှာ
ဒီမျက်ဝန်းတစ်စုံနဲ့
သူ့ရဲ့အပြုံးကိုသာ အကြိမ်ကြိမ်အခါခါ
ငေးကြည့်ခွင့်ရဖို့မျှော်လင့်ရင်း။
.... .... ....

ဒုတိယမြောက်ကျောင်းတက်ရက် မှာ
ယူထားတဲ့ ဘာသာတွဲများအတိုင်း ကျောင်းသားတွေကို
ဆရာမတွေကအခန်းခွဲလိုက်သည်။

Bio အတွက် အခန်းတွေရယ်၊Ecoအတွက်အခန်းတွေရယ် စသဖြင့်ပေါ့။
R 2ကိုရောက်နေတဲ့
ကျွန်တော်လည်း ကျောပိုးအိတ်ကိုပြန်ယူလွယ်ပြီးတော့ R1 အခန်းထဲကို ဝင်လာခဲ့ပြီး
နေရာတစ်ခုယူဖြစ်တယ်။

ခုံမှာ ငြိမ်သက်စွာထိုင်ရင်း
အခန်းထဲကို ကျွန်တော်သေသေချာချာ
ဝေ့ဝိုက်ကြည့်မိပေမယ့် သူ့ကိုမတွေ့ရပြန်ပေ။

"သူ ဒီနေ့ကျောင်းမလာတာ ဖြစ်ပါလိမ့်မယ်။
နောက်နေ့တောသူ့ကိုကျွန်တော်တွေ့ရမှာပါ။"လို့သာစိတ်ကိုဖြေရင်း
ထိုနေ့က စာသင်ချိန်တွေပြီးဆုံးခဲ့ရပြန်ပါတယ်။

ဒါပေမယ့် နောက်ထပ်နှစ်ရက် ၊သုံးရက်အထိ
R 1မှာသူ့ရဲ့ အရိပ်အယောင်၊ အငွေ့အသက်ကင်းမဲ့နေခဲ့ပြန်ပါတယ်။

ကံတရား က ကျွန်တော်ကိုသူနဲ့ပေးမတွေ့
စေချင်တာဖြစ်လိမ့်မယ်။
ဒါပေမယ့် မျှော်လင့်ချက်ကိုတော့ ကျွန်တော်ဆက်လက် ပြီး ယုံကြည်နေဆဲပဲ။
ကံတရားက ဖျက်ရင်တောင် သူနဲ့တွေ့အောင်ကြိုးစားမှာပါ။

သူ့ကိုမျှော်လင့်စောင့်စားနေရင်း
ကျောင်းတက်ရက်အချို့​
ကျော်​ဖြတ်လာခဲ့ပါပြီ။
ဒီနေ့တော့ အခန်းထဲမှာ အရင်ကအတိုင်းကျွန်တော် ငြိမ်ငြိမ်သက်သက်ထိုင်နေမြဲသာ။.
မရည်ရွယ်ဘဲ
ခဏတာ ကျွန်တော်ကော်ရစ်ဒါရှိရာ ပြတင်းပေါက်ဘက်ကို အကြည့်ရောက်တော့
ခဏတာ အံသြခြင်းတွေနဲ့
Maskအောက်ကနေ ကျွန်တော် အပြုံးတစ်ခုကို ပြုံးခဲ့တယ်။
သူ...
အမှန်ပါပဲ
သူကျောင်းခန်းထဲကို လှမ်းဝင်လာခဲ့တာပါ။

အခန်းထဲကို သူရောက်လာတော့ နေရာလွတ်တစ်ခုမှာသူဝင်ထိုင်တယ်။
အခုထိသူ့ကိုအကြည့်မလွဲနိုင်သေးတဲ့
ကျွန်တော့်အကြည့်တွေကနေ သူ့ရဲ့လှုပ်ရှားမှုတစ်ခုချင်းစီတိုင်းကို
အာရုံစိုက်ငေးနေမိခဲ့တယ်။
အချိန်တစ်ခုကြာတဲ့အထိပေါ့။

ကျွန်တော် သတိထားမိတာက
သူကျွန်တော့်ထက် အရပ်ရှည်လာတယ်၊
maskတပ်ထားပေမယ့် သူ့အပြုံးတွေက
ထင်ပေါ်နေတာရယ်၊ သူ့ရဲ့ မပြောင်းလဲတဲ့
မျက်ဝန်းတစ်စုံရဲ့ အကြည့် တွေ။

အဲ့ဒီနေ့က တကယ့်ကို သာယာတဲ့နေတစ်နေ့အဖြစ်အသက်ဝင်လာခဲ့တယ်။
သူ့ကြောင့်...။

သို့​သော်မဆုံသင့်သော အရာကို
ကံတရားက ခွဲ​ခြားသလို
သူနဲ့ကျွန်တော်ကိုလည်း
နောက်ထပ်မဆုံတွေ့နိုင်အောင်ခွဲခြား ခဲ့တယ်။

Covid 19ရဲ့ လှုပ်ခတ်မှု လှိုင်းဂယက်ကြားထဲမှာတဖြည်းဖြည်း များပြားလာတဲ့ Positive
လူနာတွေကြောင့်ကျောင်းတွေ
တစ်ခါပြန်ပိတ်ခဲ့ပြန်တယ်။

အဲ့ဒီနေ့က သူနဲ့ကျွန်တော် တွေ့ဆုံခြင်းရဲ့ အဆုံးသတ်မှု အဖြစ်အပျက်လေးတစ်ခုသာ။
... ... ....

တွေ့ဆုံခြင်းကို လက်မခံနိုင်ရင်
ဘာလို့များအစကတည်းက
တွေ့ဆုံအောင် ဖန်တီးခဲ့ရလေသလဲ။

တွေ့ဆုံခြင်းသာမရှိခဲ့ကြရင်
သူ့ကို ချစ်မိမှာမဟုတ်သလို
နာကျင်ခံစားရမှာလည်း မဟုတ်ဘူး။

ကံတရားက ဘာလို့များ
လှည့်စားရက်ခဲ့သလဲ။
မတွေဆုံသင့်တဲ့အရာကို တွေ့ဆုံစေခဲ့ပြီး
တနုံ့နုံ့ ခံစားကျန်ရစ်မဲ့ ဒဏ်ရာတွေကို
ရခဲ့​စေတယ်။

  °°° °°°♥°°° °°°♥°°° °°°♥°°° °°°♥
JulyMoeSat 😔

He (Or)CrushWhere stories live. Discover now