(မိုးရေစက်တွေ မြေပြင်ပေါ် သက်ဆင်းကခုန်တဲ့နေ့မှာ နှလုံးသားမှာ
တစ်စုံတစ်ယောက်ရဲ့နာမကို
ရေးထိုးခဲ့တယ်။
ပထမဆုံးသော အချစ်ကို ထိုလူ့ထံသာရည်စူးလို့ရယ်......။)၅.၆.၂၀၁၉
အဲ့နေ့မိုးတွေရွာတယ်
အရမ်းကိုပြင်းထန်စွာပဲ။
အစိမ်းရင့်ရောင့် သစ်ရွက်တွေပေါ်မှာ
နေရာမလပ်မိုးရေစက်တွေ
ဆင်းသက်ကခုန်လို့ရယ်။
လေတွေကလည်း အေးစိမ့်နေအောင် တိုက်ခတ်နေပြန်တယ်။မိုးစက်မိုးမှုန်လေးတွေရယ်၊
လေအေးအေးရယ်ပေါင်းစပ်တော့
အချမ်းဓာတ်တွေပိုလာတာပေါ့။အဲ့ဒီအအေးဓာတ်ကိုအံတုလို့
အဋ္ဌမတန်း (A)ခန်းမှာ ဆရာမမဝင်သေးတော့အခန်းထဲမှာဆိုရင်စကားသံတွေက
မိုးသံလေသံတွေနဲ့အပြိုင်ပါပဲ။ကျောင်းဖွင့်ကာစရက်တွေမို့ဆရာမတွေ
စာမသင်သေးတာလည်း ပါပါလိမ့်မယ်။ကျွန်တော်ကတော့ နောက်ဆုံးတန်းက
ရေရင် ၃ ခုံမြောက်မှာငြိမ်သက်နေမိတယ်။ဘာကြောင့်များလဲဆိုတဲ့မေးခွန်းတစ်ခုနဲ့ပေါ့
ဒီနေ့ကျွန်တော် သူ့ အကြောင်းကို
ကြားလိုက်မိတာရင်ထဲမှာနာကျင်သလိုမျိုးဆစ်ခနဲတစ်ချက်ဖြစ်သွားခဲ့တယ်။
သူ့တစ်ယောက်ယောက်နဲ့ တွဲနေတယ်ဆိုတဲ့အတန်းထဲမှာ ပြောနေကြတဲ့အကြောင်းတွေကို နားထောင်ဖို့ခံနိုင်ရည်မရှိဘူး။ကျွန်တော် သူ့ကို တခြားတစ်ယောက်နဲ့တွဲနေတာကို သဝန်တိုမိတယ်။
ဒါဟာ ဘာကြောင့်မှန်းစဉ်းစား မိတဲ့အခါ
သူ့ကို ကြိုက်နေမိပြီဆိုတာကို
သိခဲ့ရတယ်။နွေရာသီ ကျောင်းပိတ်ရက်တုံးက
တစ်စုံတစ်ယောက် ကိုသတိရနေမိတာတွေက တကယ်တော့သူ့ကိုသတိရနေတာပဲ။
တစ်ချို့သော အရာတွေကို ကျွန်တော်အခုမှနားလည်မိတယ်။ဒါပေမယ့်
ဟင့်အင်း မဖြစ်သင့်ဘူး။
စိတ်ကစားတာပဲဖြစ်မှာပါ။အတွေးတွေက ကိုယ်ကိုယ်ကို ပြန်ထိန်းသိမ်းနေပေမယ့် နှလုံးခုန်သံကတော့ လိမ်ညာမှုကင်းမဲ့စွာ ခုန်ပေါက်လှုပ်ရှားလို့ရယ်။
အတွေးတွေနဲ့ ဝေခွဲမရခြင်းတွေနဲ့ ၁၃နှစ်အရွယ် ရှစ်တန်းကျောင်းသားလေးက
ခုံပေါ်ကို ခေါင်းလေးဘေးစောင်း
မှောက်အိပ်လို့ အပြင်မှာရွာသွန်းနေဆဲ သော မိုးစက်မိုးမှုန်လေးတွေကိုငေးကြည့်နေခဲ့တယ်။စာသင်ခန်းထဲကစကားပြောသံတွေကလည်း
ရပ်တန့်ခြင်းကင်းမဲ့စွာနဲ့...။... ... ... ... .... .... .... ...
အဲ့ဒီနေ့ကစလို့ သူ့ကိုစတင် crushခဲ့သည်။
Crushသည်ပို၍လည်း ချစ်ခဲ့သည်။
သည်းထန်လှစွာသော မိုးရေစက်တွေနဲ့အတူ
သူ့ကို စတင်သဘောကျမိတဲ့နေ့ဟာ
နှစ်တိုင်းသတိရနေ့မယ့် အမှတ်တရနေ့လေးတစ်ခုပါပဲ။°°° °°° ♥♥♥°°° °°°♥♥♥°°° °°°
July moe sat😔
BẠN ĐANG ĐỌC
He (Or)Crush
Teen Fictionကျွန်တော့်ရဲ့ တစ်ဖက်သတ်ချစ်ရသော နှလုံးသားကို လှုပ်ခတ်စေသူ။ ဥပေက္ခာနဲ့ ဆက်ဆံတဲ့သူ။ သူ့ကို မှ တစ်ဖက်သတ်ချစ်မိတာ ရူးသွပ်ခြင်းဆို ကျွန်တော်ဟာ အဲ့ဒီရူးသွပ်ခြင်းက ရုန်းမထွက်နိုင်သူပေါ့။