The End (သူ (or)Crush)

244 15 1
                                    

      ရာသီကာလ တစ်ပတ်လည်ပြန် အချိန်ကုန်ဆုံးခဲ့ပြန်ပြီ။
နွေကာလမှသည် မိုးဦး ဝဿာန်ကာလဆီသို့
တစ်ဖန်ရောက်ပြန်ပြီ။
နောက်ဆုံးသောအကြည့်တစ်ချက်
သိမ်းခဲ့မိသောခံစားချက်.....။

.. ... ...

2022   June

  တကယ်တော့အချိန်ဆိုသော
လက်ဖျောက်တီးသလောက်
ကုန်ဆုံး​သောကာလမှာ အဖြစ်အပျက်တွေ
ခံစားချက်တွေက တဖြည်းဖြည်း တည်ငြိမ်လာခဲ့တယ်။

အခြေအနေတွေကနေရာတိုင်းမှာ
တည်ငြိမ်နေခဲ့ပါပြီ။
ကျောင်းမှာလည်း မနှစ်ကထက်စာရင် ကျောင်းသားအရေအတွက်များစွာပြန်ရောက်လာခဲ့ပြီ။
ကျောင်းသားအားလုံး
ကျောင်းပြန်တက်ကြတာကြောင့်ဖြစ်တယ်။

ကျွန်တော်က အခုဆိုရင် Grade-11မှာ။
မနှစ်ကမတတ်ကြတဲ့သူတွေကGrade-10။

သူလည်း ကျောင်းပြန်လာတက်ပြိီလို့ကျွန်တော်ထင်ပါတယ်။
သူကျောင်းတက်သည် ဖြစ်စေ၊
မတက်သည်ဖြစ်စေ
သူ့ကိုသွားကြည့်ဖို့အတွက်မဝံမရဲ။
သူကိုမျက်နှာချင်းဆိုင်ဖို့ အားအင်ပျောက်ဆုံးနေခဲ့လို့သာ။

သူ့အပေါ်ထားတဲ့ ခံစားချက်တွေကတော့
ယခု ၊ယနေ့ထိတိုင်အောင်မြဲနေဆဲ။
အရင်ကလို မိုးရွာတိုင်းမငိုတဲ့အထိ
ကျွန်တော်ရင့်ကျက်ခဲ့တာတော့အမှန်ပါပဲ။

ကျွန်တော်သူ့ကို ချစ်တဲ့အကြောင်း
သူသိအောင်ဖွင့်ပြောမှာမဟုတ်သလို
သူသိအောင်လည်းကြိုးစားမဟုတ်ဘူး။
ကျွန်တော်တည်တည်ငြိမ်ငြိမ်နဲ့
ပညာရေးကိုအာရုံစိုက်ရမယ်လေ။
သူ့ကိုနောက်ဆုံးတစ်ခေါက်တော့
တွေ့ချင်တယ်။
နှုတ်ခမ်းကနေ သူ့နာမည်ကို ခပ်ဖွဖွ
ခေါ်ချင်တယ်။
သူ့ရဲ့အကြည့်ကို တစ်ခါငေးစိုက်ချင်တယ်။

ကျွန်တော်ရဲ့ချစ်ခြင်းဟာ အထက်တန်းကျောင်းရဲ့
ဘယ်သူမှမသိခဲ့တဲ့
အဖြစ်အပျက်လေးလည်းဖြစ်မှာပါ။
ဒါဟာအကောင်းဆုံးပါ။
... .... ....

2022 June 5

   မိုးသားမိုးတိမ်ညိုတွေ ကောင်းကင်ထက်မှာ
ကန့်လန့်ကာသဖွယ် နေရောင်ခြည်ကို
ဆီးကာနေခဲ့သည်။
လေပြည်အေးအေးက နူးညံ့ညင်သာစွာ
သစ်ရွက်စိမ်းစိမ်းတွေကို
လှုပ်ခတ်နေစေသည်။

He (Or)CrushWhere stories live. Discover now